Episode 16 (Unicode)

2.8K 237 125
                                    

တေးရသတစ်ယောက် ခန့်ရှင်းသူကားတိုက်ခံရသည် ဆိုသည့်သတင်းကြားတော့ စိုးရိမ်စိတ်တို့က ဖုံးဖိ၍  မရနိုင်တော့ဘဲ အနှေးနှင့်အမြန် ဆေးရုံသို့ လိုက်လာ ခဲ့သည်..။

ဆေးရုံကောင်တာတွင် အခန်းနံပါတ်မေးပြီးနောက် တတိယအထပ်သို့ တက်လာခဲ့လိုက်သည်..။ ထို့ နောက်ဆေးရုံအလယ်စင်္ကြန်လမ်းကြားလေးတစ်လျှောက် လျှောက်လာခဲ့လိုက်ပြီး အခန်းရှေ့ရောက် တော့ ဝေါခနဲ တံခါးဆွဲဖွင့်လိုက်သောအခါ အခန်းထဲ ၌ အမျိုးသမီးတစ်ယောက်..။ ပြီးတော့ နှလုံးခုန်နှုန်း စက်ကလည်း တတီတီနှင့် အချက်ပြအော်မြည်နေ သည်..။

"ဘယ်လိုဖြစ်တာလဲ.."

တေးရသတစ်ယောက် ခန့်ရှင်းသူဆီသို့ လျှောက်သွား ကြည့်လိုက်တော့ အောက်ဆီဂျင်ခွက်က နှာခေါင်း တွင် ရှိမနေချေ..။

"ခင်ဗျား ဘာလုပ်လိုက်တာလဲ.."

ကျွန်တော် ထိုအမျိုးသမီးကို ဒေါသတကြီးနှင့် မေးလိုက်တော့ ထိုအမျိုးသမီးက ဘာမှပြန်မဖြေဘဲ ထိတ်လန့်စွာနှင့် ခြေလှမ်းတို့သာ နောက်ဆုတ်ဖို့ ဟန် ပြင်နေသည်..။

ကျွန်တော်လည်း အောက်ဆီဂျင်ခွက်ကို နှာခေါင်း၌ ခပ်မြန်မြန် စွပ်ပေးလိုက်ပြီး ကုတင်ခေါင်းရင်းမှ အရေးပေါ်အချက်ပြခလုတ်ကို နှိပ်လိုက်ပြီး-

"လူနာအခြေအနေ အသည်းအသန်ဖြစ်နေလို့ အမြန် လာပေးပါဗျ.."

ကျွန်တော်ပြောပြီးနောက် အနောက်ကို လှည့်ကြည့် လိုက်ရာ ထိုအမျိုးသမီးက တံခါးအပြင်ဘက်သို့ ပြေးထွက်သွားလေသည်..။

"ဟာ..ချီးလိုပဲ.."

ကျွန်တော်လည်း ခပ်တိုးတိုးလေး ဆဲလိုက်ပြီး ထို အမျိုးသမီးအနောက်သို့ ပြေးလိုက်သွားသည်..။

"ကောင်မ..ရပ်စမ်း!!! "

အရှိန်ကို မြှင့်လိုက်ကာ ပြေးလိုက်သွားတော့ သိပ် မကြာခင်မှာပင် သူ(မ) ​ကျွန်တော့်လက်ထဲမှ ပြေးမ လွတ်တော့ချေ..။

ပြေးရင်းနဲ့ လက်လှမ်းမှီတဲ့အကွာအဝေးလည်းရောက် ရော ကျွန်တော် ထိုအမျိုးသမီး၏ ဆံပင်ကို အနောက် ကနေ ဆွဲဆောင့်ထည့်လိုက်ပြီး ရပ်စေလိုက်သည်..။

The Reason Why I Break You Up [Completed]Where stories live. Discover now