Episode 10 (Unicode)

3.2K 229 123
                                    

"မောင်လေးက အစ်မတို့ကုမ္ပဏီနဲ့ စပ်တူတွဲလုပ်တော့ မှာဆိုတော့ အစ်မတို့ဘက်က ထောက်ပံ့မှုတွေကို အရင်ဆုံး ပြောပြမယ်..အစ်မတို့က အနုပညာရှင်တွေ ကို စုစုပေါင်းရငွေရဲ့ 60% ခွဲပေးပါတယ်..ကျန် 40% ကိုတော့ အစ်မတို့ ကုမ္ပဏီဘက်က ပြန်ယူ တယ်..ပြီးတော့လည်း အနုပညာရှင်တွေကို နေရာ ထိုင်ခင်းသီးသန့်ထားတယ်..အဲဒါမောင်လေးက အဲ့ဒီမှာနေချင်လား..ဒါမှမဟုတ်ရင် ကိုယ့်ဖာသာ ကိုယ်နေချင်လား.."

မသျှင်မိုး၏ စကားကို ကျွန်တော် ချက်ချင်းမတုန့် ပြန်သေးဘဲ ခနလောက် ငြိမ်သက်နေလိုက်သည်..။

ကျွန်တော် ပြောင်းသွားရင် မောင်ရော လိုက်ပါ့ မလား..။

"အဲဒီကိစ္စကိုတော့ နောက်မှပဲ ကျွန်တော်အကြောင်း ပြန်ပါ့မယ်..ဆွေးနွေးရမယ့်လူရှိသေးလို့.."

"ဪ..အင်း ရတယ်လေ..ပြီးတော့ အစ်မတို့အေ ဂျင်စီတွေဘက်က မောင်လေးရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို ဝင်မစွက်ဖက်ပါဘူး..ဒါပေမဲ့..အစ်မတို့ ကုမ္ပဏီနဲ့ ညှိစွန်းလာရင်တော့ ပတ်သတ်ရလိမ့်မယ်.. ဒါကိုတော့ မောင်လေး သိထားပေးနော်..ပြီးတော့ အခု အစ်မ မောင်လေးအတွက် တေးရေးဆရာတစ် ယောက်နဲ့ တွေ့ပေးဖို့ ချိန်းထားတယ်..အဲဒါ မောင် လေး ခနနေကျရင် အစ်မနဲ့လိုက်ခဲ့လိုက်..အစ်မ မိတ် ဆက်ပေးမယ်.."

"ဟုတ်ကဲ့..ဒါနဲ့ အစ်မ..ကျွန်တော်က နာမည်ကြီး လည်း မဟုတ်ဘူးလေ..အခုမှတက်သစ်စ..အဲဒါကို အစ်မက ဘာလို့ကျွန်တော့်အပေါ် ယုံကြည်မှုအပြည့် ရှိနေရတာလဲ.."

"မင်းလုပ်နိုင်တယ်ဆိုတာ အစ်မ ယုံလို့ပေါ့..အစ်မ ကိုယ်တိုင် မင်းကို ကမ်းလှမ်းတယ်ဆိုကတည်းက မင်းက ဘယ်လောက်ပါရမီပါတယ်ဆိုတာ ကိုယ့်ကိုယ် ကို သိသင့်တယ်..အစ်မ လူရွေးမမှားပါဘူး..အောင် မြင်တဲ့လူတိုင်းက ဒီဘဝကနေပဲ စတာလေ..ကိုယ့် ကိုယ်ကို ယုံကြည်မှုရှိစမ်းပါ.."

"ဟုတ်ကဲ့ပါ.."

ကျွန်တော်လည်း သက်ပြင်းကို ခပ်ဖွဖွချလိုက်ပြီး အခုချိန်ကစပြီး ရင်ဆိုင်ရတော့မယ့် လမ်းကြောင်းကို တွေးပြီး ရင်လေးမိသည်..။ ဒါပေမဲ့လည်း..

The Reason Why I Break You Up [Completed]Where stories live. Discover now