🎉Final Episode🎉(Unicode)

5.4K 227 195
                                    

နေညိုရင် တို့ဝေးရမယ် သိထားလည်း..

နောက်ဆုံးစကားတွေ ငါမပြောချင်..

အလှဆုံးမင်ရဲ့ မျက်ဝန်းက..

ခန့်က ဆိုလိုက် အသက်ကို ပြန်ရှူသွင်းလိုက်နှင့် ခပ် ဖြည်းဖြည်းလေး ဆိုနေသည်..။

မိုးတွေ စွေဦးမလား..

တူညီစွာ ရင်ထဲရှိတဲ့ စိတ်ကူးများ..

နင် မျိုသိပ်လိုက်ပါ အချစ်ဆုံးရာ..

အလှဆုံးမင်းရဲ့ နှုတ်ခမ်းက..

လွင့်ပျံလာမယ့် စကား..

ခန့်က ဂီတာကြိုးကို ခပ်ဖွဖွလေးသာ ခတ်ပြီး ဆိုနေ ရင်း မျက်ရည်များ ဝဲတက်လာလေသည်..။

ကျွန်တော်လည်း ကင်မရာလေးကို ချိန်ရွယ်ထားပြီး ကင်မရာမှန်လေးထဲမှ မြင်နေရသော ခန့်ကို ငေးကြည့် နေရင်း ပါးပြင်ပေါ်သို့ တိတ်တဆိတ် မျက်ရည်များ စီးကျလာရသည်..။

နာရီသံ ပုံမှန်လည်တာ ကြောက်ရွံ့လို့နေပြီ..

ဒီလိုသာ နာကျင်စွာ အဆုံးသတ်ရမှာလား...

မတွေးရဲတယ်..

နေညိုရင် ငါတို့ခွဲရမယ်..အချိန်တွေကို ရပ်ဆိုင်းထား ချင်လည်း..ပြင်ဆင်နိုင်ခွင့်မရှိလေသော ဘဝတွေ ရယ်..ဆွေးရတယ်..

ယုံကြည်ပါ ငါပြောခဲ့ပါရစေ..တစ်ချိန်ချိန်မှာ ဆုံ ဆည်းကြမယ်လို့..နာကျင်စွာနှုတ်ဆက်ရသော ခဏ တွေကို..မုန်းမိတယ်..

>>>>>>>>

ဘုန်း!!!

ရုတ်တရက် ခန့်ကိုင်ထားသော ဂီတာက ကြမ်းပြင်ပေါ် သို့ ကျယ်လောင်စွာ ပြုတ်ကျသွားပြီး ကျွန်တော် ခေါင်းကို ခပ်ငိုက်ငိုက်နေနေရာမှ ဆတ်ခနဲမော့ကြည့် လိုက်တော့ ကုတင်ခေါင်းရင်းကို ကျောမှီထားရင်း ခန့်တစ်ယောက် ဇတ်ကျိုးကျသွားလေပြီ..။

"ခန့်!!! ခန့်!!! "

ကျွန်တော် ကုတင်ဆီသို့ သွားလိုက်ပြီး ခန့်ကိုယ်လေး ကို ဆွဲပွေ့လိုက်တော့ ခန့်က ကျွန်တော့်ရင်ခွင်ထဲကို ထိန်းချုပ်မှုမဲ့စွာဖြင့် ဝင်လာလေသည်..။

The Reason Why I Break You Up [Completed]Where stories live. Discover now