Episode 11 (Zawgyi)

385 47 0
                                    

တေးရေးဆရာတစ်ယောက်ရဲ့ သီချင်းကို ဝယ်ပြီး နောက် studioမှာ အသံသွင်းပြီး မသျှင်မိုးနှင့် ကျွန်တော် Junction City ထဲသို့ ခနဝင်လာခဲ့ သည်..။

စောစောစီးစီး ထလာပြီး အသံသွင်းသောကြောင့် ဘာမှ မစားရသေးချေ..။

"ကဲ..အစ်မတို့ ဒီမှာပဲ တစ်ခုခု ဝင်စားလိုက်ရ အောင်.."

"ဟုတ်ကဲ့ အစ်မ..."

ကျွန်တော်လည်း ကားပေါ်မှ ဆင်းလာခဲ့လိုက်ပြီး မသျှင်မိုးနှင့်အတူ Junction Cityထဲသို့ ဝင်လာ ခဲ့လိုက်သည်..။

ထို့နောက် စားသောက်ဆိုင်တစ်ခုအတွင်းသို့ ဝင်လာခဲ့ ကြပြီး-

"စားနော်..ဘာမှအားမနာနဲ့..အစ်မရှင်းပေးမယ်.."

"ဟုတ်ကဲ့.."

ကျွန်တော်လည်း အဆင်ပြေမည့်ဟာတစ်ခုကိုသာ မှာ လိုက်ပြီးနောက် ဆိုင်မှန်တံခါးအပြင်ဘက် အဝတ် အထည်ဆိုင်ခန်းများဆီသို့ အကြည့်ရောက်သွားခဲ့ သည်..။

ထိုအချိန် မြင်ကွင်းထဲသို့ ဖြတ်သွားသောသူတစ် ယောက်ကြောင့် ကျွန်တော် ကြောင်အစွာဖြင့် ငေး ကြည့်နေမိခဲ့သည်..။

မောင်...

မောင်က ခရီးလွန်နေတာမဟုတ်လား..။ ဘယ်လိုဖြစ် ပြီး ဒီမှာရှိနေတာလဲ..။ ပြီးတော့လည်း မောင့်လက်ကို ချိတ်ထားတဲ့ သူမကလည်း ဘာလို့မောင့်ဘေးမှာ ရှိနေ ရတာလဲ..။

မောင်တို့က အလုပ်ကိစ္စအရ တူတူသွားနေရတာလို့ တော့ မဆိုနဲ့နော် မောင်..။ ဘယ်လုပ်ဖော်ကိုင်ဖက် တွေမှ အခုလို လက်ချင်းချိတ်ပြီး ပူးကပ်မနေဘူး..။

မောင်တို့နှစ်ယောက်က ဘာတွေလဲ..။

ကျွန်တော် မောင်တို့သွားတဲ့နောက်သို့ မျက်စိတစ်ဆုံး လိုက်ကြည့်မိကာ မသျှင်မိုးပြောလာသည့်စကားကို တောင် အာရုံမရလိုက်ချေ..။

"ဗျာ..ခုနက အစ်မ ဘာပြောလိုက်တာလဲ.."

"ဪ..ဘယ်သူ့ကို တွေ့လိုက်လို့ အဲ့လောက်လိုက် ကြည့်နေတာလဲလို့..အသိတွေ့လို့လား.."

"အဟင်း..မဟုတ်ပါဘူး..လူမှားတာပါ.."

"ဪ.."

ဟုတ်တယ်..။ လူမှားတာ ဖြစ်ပါလိမ့်မယ်..။ မောင်က ငါ့နောက်ကွယ်မှာ အဲ့လိုလုပ်မယ့်သူတော့ မဟုတ် လောက်ပါဘူး..။

The Reason Why I Break You Up [Completed]Where stories live. Discover now