Episode 6 (Unicode)

3.4K 249 26
                                    

ကင်မရာ..။

ကျွန်တော် ချက်ချင်းပင် ကင်မရာအနောက်က Memory cardကို ထုတ်ယူလိုက်ပြီး အခန်းထဲသို့  ပြေးဝင်လာခဲ့လိုက်သည်..။ ထို့နောက် ကဒ်ကို Laptopဖြင့် joinလိုက်ပြီး ဖွင့်ကြည့်တော့ ရိုက်ထား တာတွေက နှစ်နဲ့ချီပြီး ကြာနေပြီမို့ ကဒ်က ပြည့်နေပြီ..။

အဲဒီတုန်းက ဘယ်နှခုနှစ်လဲ...။ ကျွန်တော်တစ်ခနမျှ တွေဝေသွားပြီး-

" ၂၀၀၇ပဲ.."

ခုနှစ်အလိုက်မှတ်တမ်းတွေ ရှာကြည့်တော့ ကံကောင်း ချင်တော့ ထိုနှစ်က ထိပ်ဆုံးမှာ ရှိနေခဲ့သည်..။

စိတ်ထဲကတော့ ထိုနေ့ညက အကုန်ရိုက်မိထားပါစေလို့ အသေအလဲဆုတောင်းလျက် ထိုမှတ်တမ်းဖိုင်ကို ဖွင့် ကြည့်လိုက်သည်..။

"အဲဒီနေ့က မီးပျက်ခဲ့တယ်..ပြီးတော့ လျှပ်စီးတွေလည်း လက်နေခဲ့တယ်.."

အက္ခရာမောင်ကြည့်နေသော ဗီဒီယိုဖိုင်ထဲမှာက အဖေ ရယ် အမေရယ်..ပြီးတော့ အရုပ်ဘေးမှာ ထိုင်နေလို့ မမြင်ရတဲ့ ကျွန်တော်ရယ်..။ ငါးသံပုရာပေါင်းစားနေကြ တယ်..။

ပြီးတော့..မီးပျက်သွားတယ်..။

ကြည့်နေသော ဗီဒီယိုက ချက်ချင်းဆိုသလိုပင် မှောင် မိုက်သွားခဲ့သည်..။

"ဒီပုံအတိုင်းဆို ရိုက်မိထားလည်း မြင်ရမှာ မဟုတ် လောက်ဘူး.."

ကျွန်တော် သက်ပြင်းတစ်ချက်ကို လေးလန်စွာ ချလိုက် ချိန်..။

ဗီဒီယိုက တစ်ချက် ဖျတ်ခနဲ လင်းသွားသည်..။ မိုးချိန်း ပြီး လျှပ်စီးလက်သွားခြင်းသာ ဖြစ်သည်..။ ထိုအလင်း နှင့်အတူ လူတစ်ယောက်က ဖေဖေတို့ကို ဓားနဲ့ ချိန်ရွယ် နေတာကိုလည်း အထင်းသားတွေ့လိုက်ရသည်..။
ပြီးတော့ အဲဒီ့လူကလည်း..သဝဏ့်အဖေ..။

ဟာ..ဘယ်လိုဖြစ်ရတာလဲ..။

>>>>>>>>

~Tin Taung~

သဝဏ့်အိမ်တံခါးဘဲလ်ကို နှိပ်လိုက်ပြီး သိပ်မကြာမီ အိမ်ထဲကနေ သဝဏ့်အဖေက ကပိုကရို ထွက်လာလေ သည်..။

"ဟော..သမီးသူငယ်ချင်းပဲ..စောစောစီးစီး..အခု သမီး က အိမ်မှာမရှိဘူး သားရဲ့.."

The Reason Why I Break You Up [Completed]Where stories live. Discover now