Episode 15 (Unicode)

2.9K 232 92
                                    

Mg - ခန့်..ခန့်အခုဘယ်မှာလဲ..

Khant - အင်တာဗျူးတစ်ခုအတွက် ရှူတင်ရောက် နေတယ် မောင်..ဘာဖြစ်လို့လဲ..

Mg - ခန့်ဆီလာမလို့လေ..ကိုယ့်ကို လိပ်စာပို့ပေး လိုက်နော်..

Khant - အင်းပါ..ပို့ပေးလိုက်မယ်..
_____________

ထူးထူးဆန်းဆန်း မောင့်ဘက်က အရင်message လာပို့တော့ ကျွန်တော် ကြောင်တောင်တောင်ဖြစ်သွား ရသည်..။

မောင်က..မောင်က အခု ကျွန်တော့်အတွက် အချိန် ပေးမယ်လို့ ဆိုလိုချင်တာလား..။

ခန့်ရှင်းသူတစ်ယောက် message conversationကို ကြည့်ကာ တွေးနေမိစဥ်-

"ညီ.."

ကျောနောက်ဘက်ခြမ်းမှ ခေါ်လာသံကြောင့် ကျွန် တော် ဖုန်းကို အမြန်ပိတ်လိုက်ကာ ဆတ်ခနဲလှည့် ကြည့်လိုက်တော့ ကိုတေးရသ..။

"ဪ..ကိုတေးရသ.."

"ညီက ဒီမှာရပ်ပြီးဘာလုပ်နေတာလဲ..အင်တာဗျူး ရော..ပြီးပြီလား.."

"ဟုတ်ကဲ့ ပြီးပါပြီဗျ.."

"ဒါဆို..ကိုယ်တို့ တစ်ခုခုသွားစားကြရအောင်.."

"ဗျာ.."

ကျွန်တော်ကြားလိုက်ရသည့်စကားကို မယုံကြည်နိုင် ဖြစ်မိသောကြောင့် ဗျာတစ်ခွန်းထဲသာ ရေရွတ်နိုင် လိုက်သည်..။

"အာ..ဒီတစ်ခေါက် အစ်ကိုကျွေးရမယ့်အလှည့်လေ.. အဲဒါ ကျွေးမလို့ပါ..ကိုယ်က အကြွေးဆိုရင် အကြာ ကြီး မထားတတ်လို့.."

"ဪ.."

ကျွန်တော် ကိုတေးရသနဲ့လိုက်သွားလို့ ဖြစ်ပါ့မလား ။ မောင်က ကျွန်တော့်ဆီလာမယ်လို့လည်း ပြောထား သေးတယ်လေ..။

"ညီ..သွားမယ်လေ.."

ကိုတေးရသက ကျွန်တော့်ကို အတင်းခေါ်နေသော ကြောင့် ကျွန်တော်လည်း အားနာနာနှင့် လိုက်လာခဲ့ လိုက်ရသည်..။

စားသောက်ဆိုင်သို့ရောက်တော့..

"ညီ..ဘာစားမလဲ.."

"အာ..အဆင်ပြေတာတစ်ခုခုလောက်ပေါ့.."

"ဒါဆို ကိုယ်ပဲမှာလိုက်မယ်နော်.."

The Reason Why I Break You Up [Completed]Where stories live. Discover now