Episode 25 (Unicode)

3K 235 150
                                    

ကျွန်တော် ရင်နာစွာနဲ့ပဲ စပြီး လမ်းခွဲပစ်ခဲ့တယ်..။ ဒီ လိုလုပ်တာက မောင်မှားလို့မဟုတ်ဘူး..၊ ကျွန်တော့် ဘက်က သည်းမခံနိုင်တော့လို့လဲ မဟုတ်ဘူး..။

တကယ်တော့ လမ်းခွဲကိုခွဲရမယ့် နောက်ထပ်အ ကြောင်းအရင်းတစ်ရပ် ရှိနေလို့ပါ..။

ကျွန်တော် ကျောခိုင်းသွားသော မောင့်ကို ငေးကြည့် လျက် ထိုမိုးသည်းထဲမှာပင် ရပ်နေမိခဲ့သည်..။

"ခန့်နဲ့ လမ်းခွဲသွားလည်း မောင် ပျော်အောင်နေပေးပါ နော်.."

မသျှင်မိုး​ရွေးချယ်ခိုင်းသည့်အတိုင်း ကျွန်တော် ပထမ တစ်ချက်ကို ရွေးချယ်ခဲ့သဖြင့် ဒီနေ့ ကျွန်တော် ရင်နာ စွာနဲ့ လမ်းခွဲခဲ့သည်..။

မောင်ဆိုင်ထဲဝင်သွားပြီး ခနကြာတော့ ကျွန်တော် ထို ဆိုင်လေး၏ ဝေးရာသို့သာ လျှောက်လာခဲ့လိုက် သည်..။ မောင့်အရှေ့မှာ မငိုမိအောင် တင်းခံထားခဲ့ ရတဲ့ မျက်ရည်တွေကို အခုတော့ ကျဆင်းခွင့် ပေး လိုက်သည်..။ ကျွန်တော် မိုးသည်းထဲမှာ စိတ်လွတ် ကိုယ်လွတ် အော်ငိုပစ်လိုက်သည်..။ မိုးသံကြောင့် ကျွန်တော့်ငိုသံကိုလည်း လူတွေကြားမည် မဟုတ်ဟု လည်း ထင်မိသည်..။

အကယ်၍ တွေ့ခဲ့တယ်ဆိုရင်တော့ နောက်နေ့ facebook ပေါ်မှာ စနိုင်ကျော်ကောင်တစ်ကောင် ရူးနေပြီဆိုပြီး ပြောနေကြတော့မှာပေါ့..။ ဒါပေမဲ့ လည်း အဲဒါတွေကို ကျွန်တော် ခေါင်းထဲမထည့်နိုင် တော့ချေ..။

အခုချိန်မှာ ကျွန်တော် ခံစားမိတာတစ်ခုကတော့ ကျွန် တော့်ရင်ထဲမှာ ဆို့နစ်နေပြီး မွန်းကျပ်နေသည်..။ ရင် ဘတ်ထဲက အရာမှန်သမျှကို ဆွဲထုတ်ပစ်လိုက်ချင် သည်..။

အား...ဟား...

မိုးရည်ထဲ၌ ကျွန်တော် အော်ဟစ်ငိုယိုနေမိခဲ့သည်..။
လွယ်ထားသော ဘေးလွယ်အိတ်လေးကလည်း ရေ တွေဝင်နေပြီး လေးလန်နေခဲ့သည်..။ ကျွန်တော်လည်း ရှင်းလင်းနေသော ကားလမ်းမကြီးကို ဖြတ်ကူးလာခဲ့ ပြီး ပလက်ဖောင်းပေါ်သို့ တက်လာခဲ့သည်..။

မျက်ရည်တွေက မိုးစက်တွေနဲ့ ရောပြီးကျဆင်းနေ တုန်းပင် ဖြစ်သည်..။ ကျွန်တော် ခနလောက် ဆက် လျှောက်သွားတော့ ဘတ်စ်ကားမှတ်တိုင်တစ်ခုက ရှေ့နားလေးမှာ မြင်နေရသဖြင့် ကျွန်တော်လည်း ထိုဘတ်စ်ကားမှတ်တိုင်အောက်ဆီသို့သာ လျှောက် လာခဲ့လိုက်သည်..။

The Reason Why I Break You Up [Completed]Where stories live. Discover now