Episode 2 (Unicode)

6.9K 403 30
                                    

1st Reason- မောင် ခန့်ကို အလေးမထားလို့..

မောင်..

ခန့် မောင့်ကို ပထမဦးဆုံး စသတိထားမိတဲ့နေ့ကို သိလား..။ မောင် ခန့်သီချင်းဆိုတဲ့ ဆိုင်ကို လာတဲ့နေ့ လေ..။ အဲဒီနေ့က အမှန်အတိုင်းပြောရရင် ခန့် မောင့်ကို တကယ်ကြွေခဲ့တာ..။

မောင်က ကျော့ရှင်းတဲ့အဝတ်အစားတွေနဲ့ တွေ့ဆုံစားပွဲ လာတာ ထင်တယ်..။ ပြီးတော့ သိလား..၊ မောင် သိပ် ကံကောင်းတယ်..ဘာလို့လဲဆိုတော့ မောင်လာတဲ့နေ့ကျ မှ ခန့်က သီချင်းစဆိုတာ မို့လို့လေ..။

မောင့်ပုံစံက ပေါ့ပါ့ပါးပါးဝတ်စားထားတာဆိုပေမဲ့ ခန့် မျက်လုံးထဲမှာတော့ Perfect ပဲ..အပိုအလိုမရှိဘူး..။

ဒါပေမဲ့ စိတ်မကောင်းဖြစ်မိတာတစ်ခုက မောင် ခန့်ကို တော့ သတိမထားမိခဲ့ဘူး..။ ခန့်ကသာ စင်ပေါ်ကနေ မောင့်ကို ငေးကြည့်နေပေမဲ့ မောင်ကတော့ စကား ကောင်းနေခဲ့တယ်လေ..။ အဲဒီတုန်းက ခန့်စိတ်ထဲမှာ ခန့်ကို အလေးမထားလို့ဆိုပြီး တစ်ယောက်တည်း စိတ် ကောက်မိခဲ့သေးတယ်..။ ရယ်ချင်စရာကြီးနော်..။

ဒါပေမဲ့ အဲဒါကိုတော့ ဒီreason အောက်ထဲ ဆွဲမထည့်ထားပါဘူး..၊ ဒီအတိုင်း ပြန်အမှတ်ရမိအောင် သာ ပြောပြတာပါ..။
____________________

အက္ခရာမောင်သည် ထိုစာကို ဖတ်ပြီးနောက် ခန့်ပြောခဲ့ သည့် ထိုနေ့က အကြောင်းကို ပြန်စဥ်းစားမိခဲ့သည်..။

ခန့်ပြောတာလည်း ဟုတ်လောက်မှာပါ..၊ အဲဒီနေ့က လုပ် ငန်းနှစ်ပတ်လည်မို့လို့ လူကြီးတွေနဲ့ စကား​ကောင်းနေလို့ ဘာကိုမှ သတိမထားမိခဲ့တာ..၊ပြီးတော့ နည်းနည်းလည်း ရီဝေဝေဖြစ်နေတာကိုး..။

>>>>>>>>>

လွန်ခဲ့သော ၆ နှစ်ကျော်ခန့်က...

"ဂျာကြီး..ဒီနေ့တော့ ကျွန်တော် တကယ်တက်ဆိုမှာ နော်.."

ခန့်ရှင်းသူဆိုသောသူသည် အဆိုတော်ဖြစ်ချင်နေသော အဆိုဝါသနာပါသူတစ်ဦးဖြစ်သည်..။ အသံသွင်းရုံတွေ မှာ ကိုယ်ပိုင်သီချင်းထုတ်ဖို့ မတတ်နိုင်သေးသောကြောင့် အခုလို စားသောက်ဆိုင်တွေမှာ သီချင်းလိုက်ဆိုခြင်းဖြင့် အတွေ့အကြုံ ယူနေခြင်းဖြစ်သည်..။

The Reason Why I Break You Up [Completed]Where stories live. Discover now