Episode 29 (Unicode)

2.4K 195 126
                                    

"မောင်လေး.."

"ဗျာ.."

မသျှင်မိုးက မျက်လုံးအမှေးသားနှင့် ပြုံးကာ-

"အက္ခရာမောင်မရှိတုန်း အစ်မ တစ်ခု မေးလို့ရ မလား.."

မသျှင်မိုးက ကျွန်တော့်ဘေး၌ ထိုင်ကာ ခပ်တိုးတိုး လေး ပြောလာတော့ ကျွန်တော်က ခပ်ဖွဖွလေး ရယ် လိုက်ကာ-

"မေးလို့ရပါတယ် အစ်မရဲ့..ဘာမေးမလို့လဲ မေး လေ.."

"အစ်မပဲ ထင်နေတာလားလို့ပါ..မောင်လေး အက္ခရာ မောင်ကို လက်ခံလိုက်တာ အစ်မ တိုက်တွန်းလို့တစ် ခုတည်းနဲ့တော့ မဟုတ်ဘူးမဟုတ်လား..အစကတည်း က ပြန်လက်ခံဖို့ ရည်ရွယ်ထားပြီးသားဟုတ်.."

မသျှင်၏စကားကြောင့် ကျွန်တော်မသိမသာလေး ပြုံးလိုက်ကာ မသျှင်ဘက်ကို လှည့်ကြည့်လိုက်ပြီး-

"အဲ့လောက်တောင် သိသာနေတာလား.."

"မသိသာပါဘူး.အစ်မသာ ရိပ်မိသွားတာပါ.. Psychologyနဲ့ ကျောင်းပြီးထားတဲ့ငါ့မောင်လေး က အခုလိုလွယ်လွယ်နဲ့လက်ခံလိုက်တယ်ဆိုကတည်း က..တစ်ခုခုကို ကစားမလို့ကြံနေတယ်ဆိုတာ အစ်မ ရိပ်မိလို့ပါ..မဟုတ်လား.. မလိမ်ကြေးနော်.."

"အဟင်း..အစ်မပြောတာ မှန်ပါတယ်.. ကျွန်တော့်နောက်ကွယ်မှာ ဖောက်ပြန်ခဲ့တဲ့သူကို ကျွန်တော် ကောင်းကောင်းလေးတော့ ပညာပေးရမှာ ပေါ့..အတုန့်အလှည့်ဆိုတာ ရှိတယ်လေ.."

"ဒါဖြင့်ရင် ဘယ်လိုပေးမှာလဲ..ပြင်းမှာလား.."

"ဟင့်အင်း..ပြင်းစရာလား..ကျွန်တော်က အဲ့လောက် မရက်စက်တတ်ပါဘူး..ပါးပါးလေးပဲ ပုတ်မှာ.."

ကျွန်တော် အခန်းတံခါးဘက်ကို ခပ်တွေတွေကြည့် ရင်း ပြောနေချိန် ဆေးရုံခန်းအပြင်ဘက် လမ်းကြား လေးဆီမှ လမ်းလျှောက်လာသံကို ကြားလိုက်သဖြင့်-

"တစ်ယောက်ယောက် လာပြီနဲ့ တူတယ်.."

"အင်း..အဲဒါဆို အစ်မ ပြန်တော့မယ်နော်.."

"အင်း.."

မသျှင်က ထိုင်နေရာမှ ထသွားပြီး ပိုက်ဆံအိတ်ကို ဆွဲယူကာ အခန်းတံခါးဆီသို့ လျှောက်သွားလေ သည်..။

The Reason Why I Break You Up [Completed]Where stories live. Discover now