အခန်း (၂)

Start from the beginning
                                    

“ သားလေးနှောင်းရေ ... ၊ မေမေ့သားလေးရေ
ထမင်းစားချိန် ရောက်ပြီနော် ၊ဘယ်မှာလဲ သားလေးရေ ...”

မိခင် ဖြစ်ဟန်တူသည့် အမျိုးသမီးတစ်ဦးသည် စံအိမ်ကြီးအတွင်းမှ ထွက်လာကာ ဆော့ကစားနေသောကလေးငယ်ကိုလှမ်းခေါ်လိုက်သည်။

ကလေးငယ်သည် ကစားနေရာမှာ အသံကြားရာသို့ လှည့်ကြည့်ကာ အမြန်ပြေးလာလေသည်။

သို့သော်ရုတ်တရက် မိခင်ဖြစ်သူထံသို့ပြေးရာမှ လမ်းကြောင်းကိုပြောင်းကာ အနောက်သို့ပြန်လှည့်ပြေးလေသည်။

“ ဟာ..သားနှောင်းယာ ရယ် ၊ဘာလို့အမြန်ပြေးလာတာလဲ ၊ လဲကုန်မှ ဖြင့် ”

နောက်မှ ရောက်လာသောဖခင်ဖြစ်ဟန်တူသည့်လူကြီးတစ်ဦးက ဆီးကြို၍ ပွေ့ဖက်လိုက်လေသည်။

“ ဟော..ကိုကိုလွန်းယာ ဘယ်အချိန်က ပြန်ရောက်သလဲ ၊ အစောကဖြင့် မတွေ့မိသေးပါလား”

“ ဟုတ်တယ် ခင် ရဲ့ ၊ကိုကိုလွန်းယာ ခုလေးတင်ပဲရောက်တာ ခင် ကသတိမထားမိတာ ၊သားကဖြင့်သူ့ဖေဖေကိုတွေ့လို့  ခင့်ကို‌ေတွ့ ပြီးမှပြေးလာတာကို ”

“ကြည့်စမ်း ဒါကြောင့်ကို ၊ သားနှောင်းကတော့ဘယ်သူ့ကိုဘယ်လိုချွဲရမလဲ အတတ်သိနော်”

“ ဟား..ဟား ၊ဒါ က ကိုကိုလွန်းယာ ရဲ့ သားလေ ”

“ဟုတ်ပရှင် ၊ဟုတ်ပ ”

သားအမိသားဖသုံးယောက်အိမ်ထဲသို့ရယ်သံများသယ်ဆောင်ကာ ဝင်လာခဲ့ကြသည်။

“ ဒါက ဘာတွေ သဘောကျလာကြတာလဲ !”

အိမ်ကြီး၏ အပေါ်ထပ်လှေကားမှဆံထုံး တစ်ပတ်အပြည့်ထုံးထားပြီး ဆံထုံး ဘေးတွင်တွဲလောင်းကျပုလဲဆံထိုးတစ်ခုအား ထိုးထားသော အသက်လေးဆယ်ကျော် အမျိုးသမီးကြီးတစ်ဦးသည် အထက်စီးဆန်သောအသံဖြင့် အမေးတစ်ခုပြုလိုက်လေသည်။

“ ဘာမှ မဟုတ်ပါဘူး မယ်မယ်ရဲ့ သမီးတော်တို့တွေက ဒီတိုင်းသဘောကျလို့သာ ရယ်လာကြတာပါ ”

“ ပိတ်ထားစမ်း သူငယ်မ ၊ တို့ မင်းကိုမေးသလား
တို့ မေးနေတာ မင်းဘေးက တို့သားကို ၊သားတော်ဘာတွေ သဘောကျလာတာလဲ ဆိုတာ မယ်မယ့်ကိုပြောပြစမ်း ”

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now