💜Part 7💜

28.2K 2.6K 43
                                    

"ကျွီီ....ဝုန်း"

"ဟာ တိုက်မိသွားပြီလားမသိဘူး"

ယု​မောင်လည်းညီထွေးကိုဒီညနေဆေးခန်းပြရမှာမို့စိတ်လောပြီးထွက်လာရာ
မိမိရှေ့ကလူဖြတ်လာတာကိုမမြင်မိ။အရှိန်ကမထိန်းနိုင်ဖြစ်သွားသည်။

'တိုက်မ်ိပြီထင်တယ်'

တိုက်မိလိုက်သည်ကလည်း ညီထွေးတို့အရွယ်ကလေးမတစ်ဦးဖြစ်ပြီး ထိုမိန်းကလေးကလည်းကားတစ်စီးလုံးလာတာကိုမရှောင်ပဲဖြတ်ပြေးတာ။

"ဘာဖြစ်သွားသေးလဲခလေးမ"

'ဟာ သတိလစ်သွားတယ်ထင်တယ်။ခက်တာပဲကွာ။ညီထွေးနဲ့မေမေကမျှော်နေ​ေလာက်ပြီ။ '

ဘေးနားမှာလည်းလူလေးငါးယောက်လောက်ကဝိုင်းအုံကြည့်နေကြသည်။တော်သေးတာပေါ့ ရာဇဝတ်အုပ်မို့ ဘယ်သူမှအပြစ်မပြောကြတာ။တကယ်ဆိုကိုယ်တစ်ယောက်တည်းလည်းမှားတာမှမဟုတ်ပဲလေ။သူကရောကားတစ်စီးလုံးလာနေတာကိုဖြတ်ပြေးရသလား။

"ကလေးမ ရရဲ့လား"

ဟာကွာ။ခေါ်လို့လည်းမရဘူး။

"ရာဇဝတ်အုပ်မင်း ဆေးခန်းပို့ရမယ်ထင်တယ်။သူခေါ်လို့မရဘူးသေများသွားတာလား"

"ဖွဟယ့်ပေါက်ပေါက်ရှာရှာ။ တကိုယ်လုံးသွေးတောင်မထွက်တာကိုဘယ်ကိုသေမှာလဲကွ။ဒါလန့်ပြီးမူးလဲသွားတာ"

"အတွင်း​ေကြများ....."

စကားပင်မဆုံးလိုက် ... မေးကြောကြီးများထောင်လျက်မိမိကိုစိုက်ကြည့်လာသောအကြည့်ကြောင့်ထိုကောင်လေးမှာပြောလက်စစကားပင်ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရလေသည်။

"ကဲဗျာ ဒီသူငယ်မကိုဆေးခန်းပို့ရအောင်ကျတော့်ကိုဝိုင်းထူ...အဲ"

ဝိုင်းထူရအောင်လည်းသူစိမ်းယောကျ်ားသားများနှင့်သူစိတ်မချ​ေပ။မထူးပါဘူးလေ။

သူဟာသူသာကားတံခါးကိုသွားဖွင့်​ကာထိုကလေးမကို ​ေပွ့ယူကာကားထဲသွင်းလိုက်သည်။

******

သည်ငနှဲကတော့ ငါ့ကိုမိန်းကလေးအစစ်ထင်ပြီးငါ့ကိုကားပေါ်ကိုတော့ခေါ်လာပြီ။

ချစ်သော "ထွေး" (Complete)Wo Geschichten leben. Entdecke jetzt