အပိုင်း၁၂ထွေးတို့မူဆယ်ကိုရောက်တော့ မနက်မိုးလင်းကာစ နှင်းမိုးများဝေနေဆဲအချိန်ပင်ဖြစ်သည်။
သူတို့လည်းလိမ္မော်ခြံထဲက သစ်သားအိမ်ကလေးဆီအထုတ်အပိုးများချ၍ ကောင်းကောင်းအနားယူလိုက်သည်။
မနေ့ကတစ်နေကုန်ကားစီးထားရသည်ကတစ်ကြောင်း ၊ လမ်းခရီးကြမ်းတမ်းမှုကြောင့်ပါ ထွေးရောသူရောပင်ပမ်းစွာနဲ့အိပ်ပျော်လိုက်တာနေ့လယ်ထမင်းစားချိန်မှသာနိုးသည်။
နေ့လယ်ရောက်သည်အထိအအေးဓာတ်မလျော့သေးသောကြောင့် မျက်နှာသစ်ခြင်းအမှုကိုသာပြုခဲ့သည်။
ထိုအခိုက် သူတို့အနားသို့ရောက်လာသော အဘိုးအိုတစ်ဦးနှင့် လူရွယ်တစ်ဦး။
"ဒီက ဦးကြီးတို့က ကိုယုမောင်ငှားထားတဲ့ ခြံစောင့်ဆိုတာထင်တယ်"
အနဂ္ဂမောင်ကမေးတော့ အသက်ကြီးသည့်အဘိုးအိုကပြန်ဖြေသည်။
"ဟုတ်ပါတယ်။ဦးလေးကဒီခြံကိုစောင့်ရှောက်နေတဲ့ ဦးသာပါ ။ ဒါကတေ့ာ ဦးလေးမြေး ေမာင်မိုးဦးပါ"
"ဟုတ်ပါပြီဗျာ။ ကျွန်တော်တို့ကို မနက်ဖြန်လောက်လက်ဖက်စိုက်ခင်းတွေကိုလိုက်ပို့ပေးပါအုံးဗျာ"
"ဟုတ်ပါပီ လိုအပ်တာတွေကိုလည်းတစ်ခါတည်းပြောပါ့မယ်"
"ဟုတ်ကဲ့"
ဆိုပြီးသူရယ်ထွေးရယ် လိမ္မော်ခြံထဲ လျှောက်ကြည့်ဖြစ်ကြသည်။
"ထွေး..."
"ဗျာ..."
"ထွေး ဒီခရီးကို ဘာလို့ရွေးချယ်လိုက်ခဲ့တာလဲ"
"အမှန်အတိုင်းပြောရရင် ကိုကိုကြီးကို မလွန်ဆန်နိုင်တာလဲပါတယ်။ နောက်ပြီးကိုကိုကြီးကိုတစ်ဖက်တစ်လှမ်းက ထွေးကူညီချင်လို့ပါ"
"ဒါဆို ကို့ကိုရောထွေးမကူညီချင်ဘူးလား"
"ကျွန်တော်ကဘာကူညီရမှာလဲ"
"ကိုယ့်နှလုံးသားလေးရေတိမ်နစ်နေလို့ ထွေးအချစ်တွေနဲ့ကူညီကယ်ပေးဖို့လေ"
"ဟာဗျာ...."
**********************************
မနက်ခင်းက သာမာန်နိုးထမှုများထက်ပို၍အေးစိမ့်စိမ့်။ မနေ့ညက ဟိုမြို့အုပ်မင်းနှင့်အတူတူအိပ်ရသည်မှာကိုယ့်မှာကျောကသိပ်မလုံ။တော်သေးတာပေါ့အရင်လိုမျက်နှာရူးပြီးကိုယ့်ကိုရိသဲ့သဲ့မလုပ်လု့ိ။
YOU ARE READING
ချစ်သော "ထွေး" (Complete)
Romance"ထွေးမြို့အုပ်မင်းကတော်မလုပ်ချင်ဘူးလားဟင်" "မျက်နှာရူးမြို့အုပ်မင်း"