💜Part 29💜

19.8K 1.4K 25
                                    

မေမြို့.....

မြေပြန့်ရဲ့အလွန်တောင်ကုန်းပေါ်မှာတည်ရှိသောမြို့လေးရဲ့ နွေရာသီဟာ မုတ်သုန်ရာသီမို့ထင် မိုးကအုံ့မှိုင်းမှိုင်းနှင့် ချမ်းစိမ့်စိမ့်။

အိပ်ယာထပ်မှာတော့ လူကောင်ကြီးသောအမျိူးသားတစ်ဦးကသူ့ထပ်လူကောင်သေးသော ကောင်ငယ်လေးကိုတင်းနေအောင်ပွေ့ဖက်၍အိပ်နေကြသည်။

ပြတင်းတံခါးကမှတစ်ဆင့် တဖြူးဖြူးတိုက်ခတ်လာသောလေအေးက အနဂ္ဂမောင်ကိုဘာမှမဖြစ်ပေမဲ့ မနေ့ညက ပင်ပမ်း၍အိပ်မောကျနေသော ထွေးအတွက်တော့အဆင်မပြေနိုင်ပါ။

ထို့ကြောင့်ထွေးကိုဖက်ထားသောလက်များကိုအသာဖြည်ချလိုက်ပြီး ကုတင်ပေါ်ကဆင်းကာ ထို​ပြတင်း တံခါးများကိုပိတ်လိုက်သည်။

"ေဝါ"ဆိုသော အသံနှင့်အတူ မိုးကသဲမဲစွာရွာသွန်းလေသည်။

ထိုအခိုက် အနဂ္ဂမောင်၏ခါးလေးမှာတင်းကြပ်မှုနှင့်အတူအနောက်မှသိုင်းဖက်ခြင်းခံလိုက်ရသည်။

သူသိနေကြထွေးဆီမှ နို့နံ့သင်းသောကိုယ်သင်းရနံ့ကြောင့်နှစ်ခါပြောစရာမလို ဒါဟာ ထွေးပင်။

"ဆက်အိပ်လေးကို့ထွေးရဲ့။"

"ဟင့်အင်း"

ပြောပီးအနဂ္ဂမောင်ရဲ့ပုခုံးပေါ်ခေါင်းလေးအပ်နေပြန်သည်။

"ဗိုက်မဆာဘူးလား ထွေး"

"ဟင့်အင်းမိုးစက်ကလေးတွေကိုကြည့်ချင်တယ်"

ေထွးက အနဂ္ဂမောင်ရဲ့ကိုယ်မှခွာကာပြတင်းတံခါးကိုဖွင့်လိုက်သည်။ ထို့နောက် သူ့လက်ကလေးနှစ်ဖက်ကို မိုးရေပြင်ထဲထုတ်လိုက်သည်။

ကလေးငယ်ကကြည်စင်စွာပြုံးလို့။ထိုအပြုံးကိုအနဂ္ဂမောင်ကလည်းသူ့ရင်ဘတ်မှာနောင်ဘဝများစွာထိမမေ့အောင် ကူးယူနိုင်ခဲ့သည်။

ထွေးကမိုးရေစက်ကလေးများကိုကြည့်နေရင်းမနေ့ကမိုးကြိုပန်းခင်းကိုသွားသတိရ၍လှမ်းကြည့်မိတော့ မနေ့ညကမိုးရွာတဲ့အရှိန်ကြောင်ထင်...။ပန်းကလေးများက ပွင့်လန်းလို့။

"မိုးရာသီကိုချစ်တယ်။မိုးကြိုပန်းကလေးတွေကိုခေါ်ဆောင်လာပေးတဲ့အတွက်"

ချစ်သော "ထွေး" (Complete)Where stories live. Discover now