ကားလေးတစ်တစ်ရွေ့ရွေ့နဲ့ခရီးနှင်နေတာ။ မိုးကလေးကလည်းခပ်အံု့အုံ့။
မေလရဲ့မုတ်သုန်လေကြောင့်ထင်သည်။ မိုးအုံ့ခြင်းမှာလေပွေရိုင်းကလည်းအရိုင်းဆန်နေတတ်သေးသည်။
ဘေးနားတွင်ချစ်ရသူက အိပ်လိုက်လာသောကြောင့်ဖြေးဖြေးခြင်းသာကားလေးကို မောင်းနှင်လာခဲ့သည်။
မန္တလေးမှအတက် မေမြို့အဝင်မှာတင် အအေးဓာတ်ကသိသာစွာပြောင်းလဲသည်။
မမြေပြန့်မှတုန်းကပူလောလောနိုင်ပေမဲ့...တောင်ပေါ်ကိုစတက်ကတည်းကအေးစိမ့်မှုကနေရာယူသည်။
သူတို့ မနေ့ညကတည်းကခရီးထွက်လာတာ ဒီနေ့နေ့လယ်ခင်းမှသာ ပြင်ဦးလွင်သို့ရောက်သည်။
မြို့မစျေးထဲခဏဝင်၍ နေ့လယ်စာကို ဝင်စားဖို့ ချစ်ရသူကိုနိုးရသေးသည်။
အချဥ်အစပ်ကြိုက်သောကလေးငယ်က မုန်ညှင်းချဥ်ကိုအရမ်းစား၍ ပန်းကန်ကိုတောင်သိမ်းခိုင်းရသည်အထိ။
ထိုအခါ သူရဲ့မူပိုင်နှုတ်ခမ်းကသိတဲ့အတိုင်းဆူလာသည်။
စားသောက်ပြီးဝယ်စရာရှိသည်များကိုဝယ်၍
မြို့အစွန်က အနဂ္ဂမောင်အပိုင်ခြံထဲသို့ကားလေးကိုဦးတည်လိုက်သည်။
ဒီခြံက အနဂ္ဂမောင်ဘိုးဘွားလက်ထက်ကတည်းကပိုင်ဆိုင်ကြတာဖြစ်ပြီး ခြံကလည်းတော်တော်ကျယ်သည်။
တစ်ပတ်တစ်ခါခြံစောင့်ကြီးကလာသန့်ရှင်းရေးလုပ်ပြီးထိုသူကတော့ခြံဘေးက အိမ်လေးမှာနေသည်။
သူတို့ခြံရှေ့ရောက်တော့ အသက်၆၀ခန့် အဘိုးတစ်ယောက်ကတံခါးလာဖွင့်ပေးသည်။
ဆင်ဝင်အောက်သို့ကားကိုထိုးကာကားပေါ်ကဆင်းတော့အဘိုးအိုကသူတို့ပစ္စည်းတွေကိုကူထုတ်လာသည်။
"ဦးဘမှုံ အိမ်ထဲကိုသန့်ရှင်းရေးလုပ်ပြီးရဲ့လား"
"ဟုတ်ကဲ့ ဆရာလေးတို့လာမယ်ဆိုလို့ကျုပ်တို့မြေးအဘိုးတွေအကုန်စီစဥ်ထားပါတယ်။ "
"ဟုတ်ပြီအဲ့တာဆိုလည်း ဥိးဘမှိုင်းအိမ်ပြန်ချင်ရင်ပြန်လေ ကျွန်တော်တို့ဒီမှာရှိတုန်း"
ČTEŠ
ချစ်သော "ထွေး" (Complete)
Romance"ထွေးမြို့အုပ်မင်းကတော်မလုပ်ချင်ဘူးလားဟင်" "မျက်နှာရူးမြို့အုပ်မင်း"