" ရမ်ဘိုရေ....လာလာ..."
ဒါသူ့အသံပဲ။ မင်းဘုန်းအမှောင်ထဲမှာ ရောက်နေသည်။ပတ်ဝန်းကျင်ကိုကြည့်တော့လည်း အနက်ရောင်လွင်ပြင်ထီးထီးချည်းသာ။
တစ်ချက်တစ်ချက်ပြုံးရယ်နေသံနှင့်အတူ။ခြူသံလေးကတလွင့်လွင့်။
"ရမ်ဘိုရေ...လာလေကွာ...ဟားဟားဟား"
ပုံရိပ်တွေကတဖြည်းဖြည်းမြင်လာရသည်။
ဟမ် ဒါ ကိုယ့်သားလေးရမ်ဘိုပဲ! ။ ရမ်ဘိုကကိုယ့်ကိုမမြင်ဟန်တူသည်။ သူ့ကိုလူတစ်ယောက်ကဆွဲပွေ့တော့သူကအလိုက်သင့်ပါသွားသည်။တကယ်ဆိုရမ်ဘိုက ကိုယ်ရယ် ဆလိုင်း ရယ်ကလွဲရင်မည်သူကိုမှ အကပ်ခံတာမဟုတ်။
ဒါဆိုသည်လူကမည်သူနည်း။
သူထိုလူ့မျက်နှာကိုကြည့်တော့သွေးပါပျက်ချင်သွားတယ်။
ဒါ ဒါ သူပဲလေ။ မဖြစ်နိုင်တာ။
"ငါ့ခန္ဓာကိုယ်ထဲကထွက်သွားပေးပါ"
တည်တင်းတဲ့ရုပ်နဲ့သူကိုပြောလာသည်။
"ဟင့်အင်း။ မဟုတ်ဘူး...."
"သူခိုး.....နင်ငါ့ခန္ဓာကိုယ်ကိုကော ငါ့မေမေနဲ့ကိုကိုကြီးကိုပါအတင်းလုယူထားတာ ပြန်ပေး"
ဒေါသထွက်နေသောမျက်နှာက ခုနကသူနှင့်တစ်ထပ်တည်းတူသည့်ရုပ်ပုံစံမဟုတ်တော့ပေ။
သွေးမရှိတော့ပဲဖြူစွတ်နေသည့်မျက်နှာထားနှင့်မည်းနက်နေသောမျက်ကွင်းများ။
"မဟုတ်ဘူး...ငါအဲ့လိုမဟုတ်ဘူး။...ငါမဟုတ်ဘူး"
.......
"ချပ်...ချပ်...ချပ်..."
နာရီလက်တံလည်သံ တချက်ချက်နှင့်အတူသူကြောက်စရာအိမ်မက်ဆိုးမှနိုးထလာခဲ့သည်။
"ဘာလိုဒီလိုကြီးမက်ရတာလဲ"
သူလည်းတံခါးနားရှိရေအိုးစင်မှရေတစ်ခွက်ကိုအပြည့်ခပ်သောက်လိုက်ပြီး နဖူးပေါ်ကျနေသောချွေးစိုများကိုလက်ဖြင့်သပ်လိုက်သည်။
"ဒီခန္ဓာကိုယ်ပိုင်ရှင် ချစ်သောထွေးကရော ဘယ်တွေရောက်နေတာပါလိမ့်။"
YOU ARE READING
ချစ်သော "ထွေး" (Complete)
רומנטיקה"ထွေးမြို့အုပ်မင်းကတော်မလုပ်ချင်ဘူးလားဟင်" "မျက်နှာရူးမြို့အုပ်မင်း"