မင်းဘုန်းတစ်ယောက် ချစ်သောထွေး နှင့်အမြဲတွေ့နေကြနေရာလေးမှာ။
မြူခိုးတွေဝေနေဆဲ။
ဒီတစ်ခါထွေးလေးကအဖြူရောင်ဝမ်းဆက်ကလေးဝတ်ထားသည်။ မျက်နှာလေးကလည်းကြည်စင်လို့။
"ထွေးလေး...မင်းမို့လား"
မင်းဘုန်းကလှမ်းခေါ်တော့ထွေးကပြုံးပြသည်။
"ငါ့ခန္ဓာကိုယ်ကိုမင်းပိုင်သွားပြီ။ငါ့ဝိညာဥ်ကလည်းလွတ်မြောက်ပြီ။ ငါ့မေမေနဲ့ငါ့ကိုကိုကြီးကိုအကောင်းဆုံးစောင့်ရှောက်ပေးနော်"
"စိတ်ချပါ ငါမင်းပြောတဲ့ကတိကိုတည်ပါ့မယ်။ မင်းလည်းနောင်ဘဝတွေမှာ ကိုယ်ချစ်တဲ့သူကကိုယ့်ကိုပြန်ချစ်ပါစေလို့ဆုတောင်းပေးလိုက်တယ်နော်"
ထိုအခါထွေးကနာကျင်နေသောအပြုံးတစ်ခုကိုပြုံးလိုက်ပြီး...
"ပေးတဲ့ဆုနဲ့ပြည့်ချင်ပါသေးတယ်ကွာ...
ကဲမင်းကိုခေါ်နေကြပြီ မင်းပြန်တော့။ငါလည်းသွားရတော့မှာ"ထွေးပြောသမျှကိုသူနားမလည်။ သူဘာသံမှမကြားရပါဘူး။တွေး၍မဆုံးသေး။အနောက်နားဆီမှကိုမောင့်ခေါ်သံကိုမင်းဘုန်းကြားနေရသည်။
"ထွေးရေ....ထွေး...လေး"
ဟာခေါ်နေပြီဆိုပြီးသူအပြေးသွားလိုက်ရင်းမှ.....
သူနိုးလာခဲ့သည်။
ထွေးနိုးလာတော့မှအနဂ္ဂမောင်မှာသက်ပျင်းတစ်ချက်ကိုချနိုင်ကာ ဘေးနားကဆရာဝန်ကသူ့ကိုစစ်ဆေးစရာရှိတာတွေစစ်ဆေးနေသည်။
သူလည်းမေမေနှင့်ယုမောင်ကိုခဏကြည့်ရန်ဘေးအခန်းသို့ဝင်မိတော့ သုံးေယာက်သားငိုနေကြသည်။
"ထွေးသတိရလာပြီ"
သူပြောလိုက်ကာမှ မေမေကသားကြီးခဏနော်ဆိုပြီး ယုမောင်ကိုထားခဲ့ကာ သားငယ်ဆီအပြေးတစ်ပိုင်းပြေးပြန်သည်။
သူမမှာလည်းတစ်ရက်တည်းခံစားလိုက်ရသည်မှာမနည်း။
သားငယ်ကအဆိပ်အပ်မိတယ်။သားကြီးကခြေထောက်သေနတ်ထိတယ်။မွေးစားသားလေးကဆုံးတယ်။ သူမမို့သာပေါ့။သာမာန်မိန်းမသာဆိုလျင်ထိုနေရာမှာတင်လဲကျနိုင်သည်။
YOU ARE READING
ချစ်သော "ထွေး" (Complete)
Romance"ထွေးမြို့အုပ်မင်းကတော်မလုပ်ချင်ဘူးလားဟင်" "မျက်နှာရူးမြို့အုပ်မင်း"