💜Part32💜

13.7K 1.2K 98
                                    

"ဓညဝတီ လို့ခေါ်တဲ့ ရခိုင် မင်းနေပြည်တော်မှာ ရခိုင်ဘုရင်အဆက်ဆက်တို့ကိုးကွယ်တဲ့ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ရှိတယ်တဲ့။ ရခိုင်ဘုရင် "စန္ဒာသူရိယ"မင်းလက်ထက်မှာ ဂေါတမမြတ်စွာဘုရားကိုယ်တော်တိုင်က ရင်ငွေ့တော် ခုနှစ်ချက်အုပ်နဲ့ တည်ထားတယ်လို့ဆိုကြတယ်"

"ဒါဆို ဘာလို့ရခိုင်မှာမဟုတ်ပဲ မန္တလေးရောက်လာရတာလဲ"

ဟောကြည့် သူသိချင်တာရှိရင်စကားမဆုံးခင်မမေးရင် ချစ်သောထွေးမပီးသနိုင်ပါ။

"ဒါက ဒီလိုရှိတယ်။ ရခိုင်ပြည်ရဲ့ကျက်သရေဆောင် ရုပ်ပွားတော်ကြီးကို မသူတော်တွေက ကုန်းချောစကားဆိုကြတယ်တဲ့။ အဲ့ဒီမှာပဲ အမရပူရဘုရင် ဗဒုံမင်းက သူရဲ့သားတော်ကြီး အိမ်ရှေ့မင်းသားကြီးဦးပေါ်ကို သက္ကရာဇ် ၁၂၄၆(ခရစ်နှစ် ၁၇၈၄) တန်ဆောင်မုန်းလမှာ ရခိုင်ပြည်ကိုစစ်ချီပြီး မဟာမုနိရုပ်ပွားတော်ကြီးကိုပင့်ဆောင်လာခဲ့ကြတယ်တဲ့"

"အော် အဲ့လိုလား"

"ဟုတ်တယ်"

ထွေးကတစ်ချက်ဝှားခနဲသန်းသည်။ မနေ့ကညနေ ဦးပိန်တံတားမှအပြန် တည်းခိုဆောင်တစ်ခုမှာတည်းဖြစ်ခဲ့ကြပြီး မနက်စောစော မဟာမုနိဘုရားကြီး၏မျက်နှာသစ်တော်အမှီရောက်အောင်လာခဲ့သော်လည်း လေးနာရီလောက်မှ ဘုရားကိုရောက်၍ မမှီလိုက်ကြ။

သူတို့လည်း ဘုရားစောင်းတန်းမှ အသုပ်စုံနှစ်ပွဲကိုမနက်စာအဖြစ်စားခဲ့ကြပြီး ဘုရားပရဝဏ်ထဲသို့လျှောက်လာကြသည်။

ကျောက်ရုပ်ကြီးများရှိရာနေရာသို့ လျှောက်လာခဲ့ကြပြီး ထိုကျောက်ရုပ်ကြီးများကို ထွေးက ကိုင်ကြည့်နေသည်။

"ဒီအရုပ်တွေကရောကိုမောင်"

"ဒီအရုပ်တွေက ​ဘုရားကြီးနဲ့အတူ ပါလာတယ်လို့ဆိုကြတယ် "

ထွေးက ေကြးရုပ်ထုကြီးများကိုတစ်ချက်ကြည့်သည်။ ယိုးဒယားလူကြေးရုပ်နှစ်ရုပ်၊ခြင်္သေ့ ရုပ်သုံးခုနဲ့ ခေါင်းသုံးခုပါသော ဧရာဝဏ်ဆင်ရုပ်များပင်။

ဘုရားထဲလမ်းလျှောက်ကြရင်း နာရီစင်မှငါးချက်တီးသံနှင့်အတူသူတို့လည်းရန်ကုန်သို့ ခရီးနှင်လာခဲ့ကြသည်။ အခုချိန်ပြန်ကာမှရန်ကုန်ကိုမနက််မိုးလင်းနိုင်မည်မဟုတ်လား။

ချစ်သော "ထွေး" (Complete)Where stories live. Discover now