💜Part25💜

16.7K 1.6K 44
                                    

လူဇော်သတိရလာတော့ ဘေးနားမှာ မိန်းမကြီးနှစ်ဦးကတစ်ဦးကယပ်ခတ်ပေးနေသည်။တစ်ဦးကသူ့ကိုရေတစ်ခွက်တိုက်သည်။

ညီမလေးကသူ့လက်ကလေးကိုကိုင်လို့ ငိုနေရှာသည်။

ဆရာကတော့ဘေးနားမှာထိုင်စောင့်နေဟန်။

ကျတော်သတိရလို့ အဒေါ်ကြီးနှစ်ယောက်လည်းအိမ်ပြန်သွားပြီ။ညီမလေးကလည်း ဧည့်သည်တွေအတွက်ပြင်ဆင်စရာရှိတာပြင်ဆင်ကူလုပ်နေသည်။ ကျွန်တော်ရယ် ဆရာရယ်သာကျန်နေသည်။

"လူဇော်သက်သာလား"

"ဟုတ်ကဲ့ဆရာ"

"ငါ့ကိုဆရာလို့မခေါ်ပဲ ကိုကိုကြီးလို့ပဲခေါ်ပါ။အခုငါနဲ့မင်းက ဆရာတပည့်မဟုတ်ဘူး။မင်းရောမင်းညီမလေးရောက ငါ့ရဲ့ညီတွေညီမတွေဖြစ်သွားပြီ"

ယု​မောင်ကချွေးနည်းနည်းစို့နေသော လူဇော့်နဖူးစပ်ကချွေးလေးတွေကိုသပ်ရင်းပြောလာသည်။

"အစ်ကို..."

"ဘယ်လို"

"အစ်ကိုလ်ို့ပဲခေါ်ချင်တယ်"

"လူဇော့်သဘောပါကွာ"

'ကျွန်တော်အကိုနဲ့ညီအစ်ကိုမဖြစ်ချင်ဘူးအစ်ကို။ အစ်ကို့ရဲ့လက်တွဲဖော်ပဲဖြစ်ချင်တာ။

သည်စကားကိုတော့လူဇော်က စိတ်ထဲကသာပြောလိုက်သည်။ ရုတ်တရက်မေမေ့အကြောင်းကိုပြန်တွေးမိတော့ မျက်ရည်တွေက ကျဆင်းလာပြန်သည်။

အစ်ကိုကကျွန်တော့်လက်ကလေးတွေကိုအုပ်မိုး၍လာကိုင်သည်။ ကျွန်တော်အစ်ကို့မျက်နှာက်ိုကြည့်မိတော့ ဂရုဏာသက်တဲ့မျက်ဝန်းများနှင့် ကျွန်တော်ဆုံသည်။

" အခု ကို့လူဇော်လေးက အကြီးဖြစ်ပြီ။ညီမလေးကိုစောင့်ရှောက်ရမှာက လူဇော်လေးတာဝန်ဟုတ်တယ်မို့လား"

လူဇော်လေးကငိုရင်းခေါင်းငြိမ့်ပြသည်။

"လူဇော်လေးကမှ ပျော့ညံ့ရင်ညီမလေးကဘယ်လိုရှင်သန်မလဲ။ တမလွန်ကဒေါ်ဒေါ်ကရောစိတ်ဖြောင့်နိုင်မယ်ထင်သလား။"

သည်လိုဆိုတော့လည်းလူဇော်လေးကခေါင်းခါရမ်းပြသည်။

"အဲ့တော့လူဇော်လေးသန်မာရမယ်။ လူဇော်လေးပိုပြီးကြိုးစားရမယ်။ ကိုယ်ပြောတာနားလည်လား"

ချစ်သော "ထွေး" (Complete)Donde viven las historias. Descúbrelo ahora