💜Part 6💜

30.3K 2.7K 103
                                    

"ဒီလူ"

"ကျွန်တော်တို့ တွေ့ဖူးတယ်နော် ထွေး"

ထိုလူကအပြုံးတစ်ခုကိုဆင်လို့ မျက်ခုံးတစ်ချက်ပင့်ကာဆိုလာသည်။

"သားထွေးနဲ့ကဘယ်လိုသိကြတာတုန်းကွယ်"

"အော်ဒီလိုပါဒေါ်ဒေါ်ဟိုတစ်နေ့က ကျွန်တော်ဘုရားကျောင်းမှာအလှုငွေသွားလှုရင်း ထွေးက Piano တ​ီးနေတာနဲ့မိတ်ဆက်ဖြစ်ကြတာပါ"

ထိုအခါမေမေက အံ့သြမှုအပြည့်မျက်နှာဖြင့် ကျွန်တော့်ဘက်လှည့်ကြည့်လာသည်။

"သားထွေးကဘယ်တုန်းက Piano တီးတတ်သွားတာလဲ"

"ဟို ဒါ...ဒါကလေ "

ကျွန်တော်ဘယ်လိုဖြေရမှန်းမသိဖြစ်နေစဥ် ဧည့်ခန်းထဲသို့ အိမ်အကူကောင်မလေးရောက်လာကာ

"မေမေကြီးတို့ ထမင်းဝိုင်းအဆင်သင့်ဖြစ်ပါပြီရှင့်"

"ထားပါတော့ မောင်နဂ္ဂရေ လာကွယ်ထမင်းစားကြရအောင်"

သည်လိုနှင့် ကျွန်တော်တို့လည်းဦးတည်ရာမှာထမင်းဝိုင်းသို့သာ။

❤❤❤❤❤❤❤❤❤❤❤❤❤❤

"ထည့်စားနော် အနဂ္ဂ ဘာမှအားမနာနေနဲ့"

ယုမောင်ကပြောတော့ အနဂ္ဂမောင်တစ်​ယောက်မဆီမဆိုင် ေထွး ကိုလှည့်ကြည့်လာသည်။

ထိုင်နေသည်က စ​တုဂံထမင်းဝိုင်းတစ်ခုတွင် ေမမေရယ်ကျွန်တော်ရယ်ကတစ်ဖက်၊ ကိုကိုကြီးနှင်ံ့ဟိုလူကတစ်ဖက်မို့ ကျွန်တော်နှင့်ဟိုလူကမျက်နှာချင်းဆိုင်လျက်။

"ဒီကထွေးကရော စားမကောင်းလို့လားကျွန်တော်ရှိလို့လားမသိဘူးအစားနည်းသလိုပဲနော်"

ကျွန်တော့်နာမည်ပါသောကြောင့်ကျွန်တော်လှည့်ကြည့်မိတော့ထိုလူကပီတီတီမျက်နှာဘေးနှင့်။

"ဟုတ်တယ်ကွယ့်.သားထွေးက နေမကောင်​းဖြစ် ထားတာအခုထိစိတ်ရောလူရောမလန်းသေးလို့လေ"

"အော်.... "

အနဂ္ဂမောင်တစ်ယောက်လည်းအော်တစ်ခွန်းတည်းသာပြောပြီးထမင်းဆက်စားနေလိုက်သည်။

"ဒါနဲ့ နဂ္ဂ က နောက်တစ်ပတ်Monday ရုံးထိုင်တော့မှာဆိုတော့နေဖို့ကရော"

ချစ်သော "ထွေး" (Complete)Where stories live. Discover now