💜Part 13💜

23K 2.3K 157
                                    

မင်းကို ငါ့ရုံးခန်းမှာအလုပ်ခန့်ပေးမယ်ဆိုရင်ရော"

"ခင်​ဗျာ"

လူဇော်အံ့သြရပါသည်။ သူလို ခိုးဆိုးလုယက်တတ်သူကို သူ့လိုအရာရှိရုံးမှာအလုပ်ခန့်မယ်တဲ့လား။

"ဟို မဖြစ်နိုင်တာဗျာ ကျုပ်က စာလဲမတတ်ဘူးဗျ။ဘယ်နေရာသွားပြီးအသုံးဝင်ပါ့မလဲဗျာ"

"မင်းက ငါ့သွားလေရာလိုက်ပြီးငါ့လက်ထောက်လုပ်ပေါ့။ စာလည်းငါအားရင်အားသလိုသင်ပေးမှာပေါ့"..

"တကယ်..တကယ်လားဗျာ"

ပြောရင်းမျက်ရည်များပင်ဝဲတတ်လာသောကောင်လေးက်ို သူကြည့်မိသည်။အခုလိုကျတော့လည်းပိီဘိကလေးအသွင်။

"ဒါဆိုမနက်ဖြန်ကစပြီးမင်းငါ့အလုပ်ကိုဆင်းရမယ်မနက်ဖြန်မနက်ငါလာခေါ်မယ်"

"ဟုတ်"

******************************************

အနဂ္ဂမောင်တစ်ယောက်ရွှေလီမြစ်ကနေပြန်လာကတည်းကစိတ်မကြည်ပါ။ ဘာလို့သူကဟိုကောင်လေးလက်ကိုကိုင်နေရတာလဲ။

ငါနဲ့ဆိုစကားကိုလိုတာထပ်ပိုမပြောပဲဟိုကောင်လေးနဲ့ကဘာလို့အကျွမ်းတဝင်ရှိနေရတာလဲ။

'ဟာကွာ...'

"ကျစ်"

အနဂ္ဂမောင်တစ်ယောက် မထင်မှတ်ပဲ စိတ်ထဲကကြိတ်ပြီးမုန်တိုင်းဝင်နေတုန်းပါးစပ်ကအလိုက်မသိစွာ "ကျစ်"ဆိုပြီးထွက်မိသွားသည်။

"ဘာအလိုရှိလို့လဲ မြို့အုပ်မင်းလေး"

မိမိရှေ့က ဦးသာမှ မေးလာလေသည်။

"ဟို..ဘာမှမဟုတ်ပါဘူး။ ဒါနဲ့ ကျုပ်ထွေးလေးနဲ့ဟိုကလေးတို့ဘယ်သွားကြတာတုန်းဗျာညကြီးမိုးချုပ်"

"မြို့အုပ်မင်းညီလေးက လမ်းလျှောက်ချင််တယ်ဆိုလို့ကျွန်တော့်မြေးလေး ကလိုက်ပို့ပါတယ်မြို့အုပ်မင်း"

"အော်"

တစ်ဖက်တွင်လည်း..

"ထွေး အဆင်ပြေပါ့မလား"

"ရပါတယ် ဒီစာကိုသာသူလက်ထဲရောက်နိုင်မဲ့သူကိုပေးခဲ့"

"ခဏ"

ချစ်သော "ထွေး" (Complete)Where stories live. Discover now