💜Part15💜

23K 2K 72
                                    

တောင်ပေါ်မြို့လေးမူဆယ်ရဲ့ရာသီဥတုကခန့်မှန်းရခက်သည်။ အခုလို ဇန်နဝါရီလိုဆောင်းတွင်းတောင် မိုးတွေကရွာရင်ရွာတတ်သည်။

လည်ပတ်စရာသိပ်မရှိတဲ့နယ်စပ်မြို့ကလေးက တောင်ယာစိုက်ခင်းတွေရယ်။ရွှေလီမြစ်ကလေးရယ်သာရှိသည်။

(1940ကို အခြေခံထားတာမို့ လည်ပတ်စရာမရှိတာပါဗျ။ 2000ခုနှစ်ဝန်းကျင်မှာ တရုတ်ပြည်ကိုရွှေစင်းတုတော်တစ်ဆူလှုဒါန်းသော်လည်းအဘွားအိုတစ်ယောက်ကအိမ်မက်ရလို့ထိုဆင်းတုတော်ကြီးကိုမူဆ
ယ်ကိုပင့်ဆောင်ပြီးလှူဒါန်းထားပါတယ်။ "ပြည်တော်သာဘုရား"လို့ အမည်ရပြီး ထိုဘုရားကနေတောင်တစ်တောင်ထပ်တက်ရင်မူဆယ်ရဲ့ပြယုတ်ဖစ်တဲ့ရပ်တော်မူဘုရားကြီးကိုဖူးမြော်ရပါမယ်ဗျ။ထို့နောက် လှိုဏ်ဂူဘုရားကလည်းမူဆယ်ရဲ့လည်ပတ်ဖူး​မြော်စရာတစ်ခုပါပဲခင်ဗျာ။ရှေ့ကပြောခဲ့သလိ​ုသည်ဘုရားတွေက 2000ခုနှစ်ဝန်းကျင်မှပေါ်ပေါက်ခဲ့တာမို့ ထည့်သွင်းရေးသားခြင်းမပြုတာပါခင်ဗျာ)

ရွှေလီမြစ်ကမ်းနားကိုပျော်ပွဲစားသဖွယ်သူရယ်ထွေးရယ်ထွက်လာခဲ့လိုက်သည်။

အမိုးခုံးကားလေးကို မြစ်အစပ်နားတွင်ရပ်ထားလိုက်ပြီး သန့်ရှင်းသောမြက်ခင်းစိမ်းနုနုပေါ်တွင်အဝတ်စကိုဖြန့်ခင်းလိုက်သည်။ အသင့်ယူလာသော လက်ကိုင်ခြင်းလေးထဲမှ အသီးတစ်ချို့နှင့်စားစရာများကိုထုတ်ကာ သူတို့ကမသ်ိလျှင်ကြင်စဦးဇနီးမောင်နှံပျော်ပွဲစားထွက်လာသလို။

"အကို "

"မောင်လို့ခေါ်"

"ခင်ဗျာ"

"ထွေးကကို့ကိုအကိုလိုခေါ်တာသူစိမ်းဆန်တယ်"

အကိုကပြောရင်းလေအဝေ့မျက်စိနားထိရောက်လာသောဆံစလေးများကိုသပ်ပေးရင်းပြောသည်။

"မောင်လို့မခေါ်ချင်ဘူး။ကိုမောင်လို့ခေါ်ချင်တယ်"

"ဟော ထွေးသဘောခေါ်စေဗျာ"

အကိုကအားရပါးရရယ်တယ်။ ရယ်နေရင်းပေါ်လာသောသွားစွယ်လေးများကသိပ်ကိုလှသည်။ အမှတ်မထင်ဘေးတိုက်မြင်နေရတဲ့အကို့ဘယ်ဘက်နားထင်ကမှဲ့စိမ်းစိမ်းကလေးကအစထင်းလို့။

ချစ်သော "ထွေး" (Complete)Where stories live. Discover now