💜Part 18💜

19K 1.8K 16
                                    

ထွေးတစ်ယောက်ဒီနေ့တော့ ပျင်းပျင်းရှိတာနှင့် ကိုကိုကြီးရုံးသို့ ရထားလုံးငှား၍ ရောက်လာခဲ့သည်။ ကိုကိုကြီးရုံးခန်းထဲသို့ဝင်ရန်ပြင်လိုက်စဥ်မြင်လိုက်ရသည်က။

ဟိုတစ်နေ့ကအိမ်ကိုရောက်လာသောရီရီဟူသောအမျိုးသမီးကို ကိုမောင်က ပုခုံးကနေသိုင်းဖက်ထားဟန်။ ပြီးတော့ရယ်လည်းရယ်နေကြသေးသည်။

ထွေးဟာ ယောကျ်ားတစ်ယောက်ပါလေ။ တစ်ခြားမိန်းမပျိုတွေလိုလည်းသစ္စာမဲ့တယ်ဆိုပြီးကိုယ့်လူက်ိုရန်သွားရှာစရာမလိုပါ။

တစ်ဖက်မိန်းကလေးကိုလည်း အရှက်တကွဲအကျိုးနည်းစေဖို့ပြစ်နှစ်စွာပြောစရာမလို။ ကိုယ်သည်သာအလိုက်တသိထွက်သွားဖို့လိုတာမဟုတ်လား။

'ခြံခုန်တဲ့သူနဲ့စနိုက်ကြော်တဲ့သူတို့ဇာတ်လမ်းထဲကိုယ်ကဗီလိန်မဖြစ်ဖို့သာလိုပါသည်'

သူလည်း ထိုနေရာထိုမြင်ကွင်းမှ အမြန်ဆုံးလှည့်ထွက်ရန်သာဆုံးဖြတ်လိုက်မိတော့သည်။

အောက်ထပ်သို့အရောက် ကိုကိုကြီးနှင့်လူဇော်တို့ကိုတွေ့သည်။

"ညီထွေးဒီကိုဘယ်လိုရောက်လာတာတုန်း"

"ကိုကိုကြီးဆီလာတာအိမ်မှာ ပျင်းလ်ို့လေ"

ကိုကိုကြီးကညီထွေးဘက်သို့လှည့်ကာ

"လူဇော်ရေ ညီထွေးအတွက်မုန့်လေးဝယ်ပြီး အနောက်ကလိုက်ခဲ့ကွာ"

"ဒါဆိုကိုကိုကြီးရဲ့ညီထွေးလဲလူဇော်နဲ့လိုက်သွားလိုက်မယ် မမြင်ချင်တာတွေကိုမမြင်ချင်လို့"

"အော် အေးအေး"

ဟောဗျာဒီနေ့ကြညီထွေးကဘာဖြစ်ပြန်ရတာလည်း။ ယုမောင်လည်းမနိုင်ဘူးဟူသော အတွေးဖြင့်ခေါင်းတစ်ချက်ခါကာ ရုံး အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။

***********

"ညီထွေး ဘာစားမလဲ"

"အဆင်ပြေတာပေါ့ကွာ မုန့်ပြားသလပ်နဲ့ အအေးလေးတစ်ခုခုပေါ့"

သူတို့နှစ်ယောက်လည်းမုန့်ပြားသလပ်တစ်မတ်ဖိုးနှင့်အအေးနှစ်ခွက်ဝယ်ပြီးပြန်လာစဥ် မိမ်ိတို့အရှေ့က လူတစ်​ယောက် လာရပ်သည်။

ချစ်သော "ထွေး" (Complete)Место, где живут истории. Откройте их для себя