နတ်တော်လရဲ့ လရောင်က ကောင်းကင်မှာထိန်ထိန်ငြီးလျက်။ ရန်ကုန်မြစ်ကမ်းနားသို့ ရိုက်ခတ်လာသော ဒီရေလှိုင်းသံက ရန်ကုန်မြစ်ကမ်းနံဘေး၏သံစဥ်တစ်ခုလို။
သာမာန်ထပ်ပိုတိတ်ဆိတ်နေသော ထိုနေရာဝန်းကျင်၌ လူတစ်စုက ခိုးကြောင်ခိုးဝှက်ဖြင့် သွားနေသည်။
ဂိုဒေါင်ရှေ့တွင်ဗလတောင့်တောင့်နှင့်လူတစ် ေယာက်ကရပ်နေသည်။
"ဘာကိစ္စလဲ"
" ကြွက်နဲ့နဂါး ကို အခစားဖို့လာတာ"
"ဟုတ်ပြီ"
ထိုအခါမှ တံခါးလည်းပွင့်သွားပြီးသူတို့အကုန် အထဲသို့ဝင်သွားသည်။
သူတို့လုပ်ဆောင်နေသမျှကိုအမှောင်ရိပ်တစ်နေရာမှ လူတစ်စုကကြည့်နေသည်ဆိုတာကိုတော့သူတို့မသိပေ။
ထိုသူတို့်မှ ရာဇဝတ်အုပ်ဦးယုမောင်နှင့်သူ့အဖွဲ့သားများသာဖြစ်လေသည်။
******
"ဒီတစ်ခေါက် အရေးကအချီကြီးလည်းရသလို ပြဿနာလည်းဖြစ်သွားတယ်ဆိုတာမင်းတို့အကုန်သိတယ်မို့လား"
နှုတ်ခမ်းမွှေးစစနှင့် ခပ်ပိန်ပိန်အရပ်ရှည်ရှည်နှင့်သူကပြောလိုက်သည်။ သူမှာ လတ်တလောကရာဇဝတ်မှုကိုကျုးလွန်ထားသောထိုအဖွဲ့၏ခေါင်းဆောင် လမ်းမတော်ဖိုးေတပင်ဖစ်သည်။
"ဒီမှာဝေစုကိုငါအညီခွဲပေးထားတယ်"
သူ့ပြောပြီးသည်နှင့်အဖွဲ့သားတွေကသူ့အရှေ့ကအဝတ်စတစ်ခုရှေ့၌ တစ်ပုံစီခွဲထားသောရွှေစအနည်းငယ်နှင့်ငွေထုတ်ကလေးများကိုအကြည့်ရောက်မိသည်။
"ဘာမကျေနပ်တာရှိလဲ "
"ကျေနပ်ပါတယ်ဗိုလ်ကြီး"
အားလုံးက သူ့အပြောကိုညီညာစွာတုံ့ပြန်မိြကသည်။မကျေနပ်တာကိုထုတ်ပြောလည်းအသေခံရမှာမို့လား။သူတို့ဘဝက ထိုလမ်းမတော်ဖိုးတေ ရဲ့ထားရာနေစေရာသွားခိုင်းရာလုပ်။ပေးတာယူကျွေးတာစားသပ်သပ်သာ။သို့သော်အနေအစားချောင်၍သာသည်အလုပ်ကိုလက်ခံမိကြခြင်းဖြစ်သည်။
"ငါလဲဟိုတရုတ်ကြောင့် ဒီမှာနေလို့မရဘူး။အိန္ဒိယဘက်ခြေရာဖျောက်မှာမင်းတို့လည်းအခုဝေစုကိုတစ်နှစ်လောက် လောက်ငှအောင်သုံးထား"
YOU ARE READING
ချစ်သော "ထွေး" (Complete)
Romance"ထွေးမြို့အုပ်မင်းကတော်မလုပ်ချင်ဘူးလားဟင်" "မျက်နှာရူးမြို့အုပ်မင်း"