💜Part22💜

16.4K 1.7K 40
                                    

ယုမောင်မနက်ခင်းက အမှုအခင်းနဲ့ပတ်သတ်၍ စုံစမ်းစရာရှိသည်ကြောင့် ထွက်လာရင်း ရွှေတိဂုံဘုရားနားအရောက် စိတ်ကဆောင်နေသဖြင့် သူဘုရားသို့လှည့်ဝင်ခဲ့လိုက်သည်။

လူဇော်ကဘုရားပန်းဝယ်နေ၍ကျန်ခဲ့စဥ်သူစောင်းတန်းကနေ တက်လာပြီးဘုရားကန်တော့၍ဇရပ်တစ်ခုတွင်ခဏထိုင်ရန်အသွားမြင်လိုက်ရသည်က။

ညီထွေးကို သူ့သူငယ်ချင်းအနဂ္ဂမောင်က နမ်းလိုက်သည်။ထို့နောက်ဖက်လိုက်သည်။

ဒါဟာ သာမာန်ခင်နေကြမိတ်ဆွေပုံစံလည်းမဟုတ်။ မသိရင်သူတို့ကဘုရားပေါ်မှာလာချိန်းတွေ့သည့်သမီးရည်းစားများသဖွယ်။

ယုမောင် ဘိလပ်မှာပညာတော်သင်ခဲ့ရသူမို့ လိင်တူချစ်တာတွေရှိတာကိုသူသိပါသည်။သို့သော် သူ့ညီထွေးကိုတော့ဒီလိုအဖြစ်မခံနိုင်။ ပတ်ဝန်းကျင်က ကဲ့ရဲ့ရှုံ့ချတာမျိူးသူ့ညီထွေးကိုမဖြစ်စေလို။

"အဲ့တာဘယ်လိုဖြစ်နေကြတာလဲ"

ဒေါသသံနှင့်အ​တူမျက်ထောက်နီကြီးနှင့်ခါးထောက်ပြီးထွေးရောကိုမောင်ရောကိုပါကြည့်နေသောသူ။

နှစ်ယောက်စလုံးရဲ့နှုတ်ကလည်း တစ်ပြိုင်တည်းရေရွတ်မိသွားသည်က

"ကိုကိုကြီး"....

"ယုမောင်"

"ခွပ်"

လက်သီးတစ်ချက်နှင့်အတူ အနဂ္ဂမောင်တစ်ယောက်မျက်နှာလည်ထွက်သွားရသည်။

"ဒါဟာ ကျုပ်ရဲ့သူငယ်ချင်းတစ်ယောက်အဖြစ်နောက်ဆုံးပတ်သတ်မှုပဲကိုအနဂ္ဂမောင်။"

"ခင်ဗျားဗျာ...ကျုပ်မျက်နှာမှမထောက်ကျူပ်ညီထွေးကို ကြံရက်တယ်။ ခင်ဗျားနဲ့ကျုပ်ဘာမိတ်ဆွေမှမဟုတ်တော့ဘူး"

"လာစမ်းညီထွေး"

အနဂ္ဂမောင်ကိုလည်း ပြောဆိုကာ ညီထွေးလက်ကောက်ဝတ်ကိုတင်းနေအောင်ကိုင်လျက်ထိုဘုရားမှ မြန်မြန်ထွက်လာခဲ့သည်။

ညီထွေးကလည်းသူ့နောက်ကတရွတ်တိုက်မတတ်ပါလာခဲ့သည်။

ယခုမှပန်းဝယ်ပြီးအနောက်ကလိုက်လာသောလူဇော်မှာတော့ မြင်ကွင်းများကိုတစ်စွန်းတစ်စမြင်ရကြားရသူမို့ ဘာမှမပြောပဲခပ်သုတ်သုတ်သာလိုက်လာခဲ့သည်။

ချစ်သော "ထွေး" (Complete)Where stories live. Discover now