Extra(ယုမောင်+လူဇော်

20.6K 1.3K 150
                                    

"အကို သတိထား"

"ဒိုင်း"

တီ...တီ...တီ....

စားပွဲတင်နာရီမှAlarm ပေးသံနှင့်အတူ သူနိုးလာသည်။Air Conမှလေအေးပင်သူ့ချွေးကိုမကာကွယ်နိုင်အောင် တစ်ကိုယ်လုံးလည်းချွေးစေးတွေထွက်လို့။

ဘာလို့လဲ။ဒီအိမ်မက်ကြီးကိုပဲသူမြင်မက်နေရတာလဲ။ သူဒီလိုအိမ်မက်ကိုမက်တာတစ်ခါမက။ငယ်ငယ်လေးကတည်းကတစ်နှစ်နှစ်ခါလောက်မက်တတ်သည်။ခုမဟုတ်တော့။ဒီနှစ်တွေထဲ တစ်ပတ်တစ်ခါလောက်မက်သည်။

ဒီအိမ်မက်မျိုးမက်ပြီးနောက်တစ်နေ့ဆို သူကျောင်းမသွားချင်။လူကနုံးပြီး တစ်စုံတစ်ယောက်ကိုမသိစိတ်ကရှာဖွေနေမိသည်။

သူ့အိမ်မက်ထဲမှာ ဇာတ်ရုံလိုလိုခုံတွေကြားထဲမှာ သူနဲ့လူတစ်ယောက်ကိုသေနတ်တွေနှင့်ဝိုင်းပစ်နေကြတာ။ထိုအခိုက်တစ်ဖက်လူကထိုလူ့ကိုသေနတ်နှင့်ချိန်လိုက်ချိန် သူထိုအမျိုးသားကိုကာကွယ်ပေးပြီးသူသေနတ်မှန်သွားတာ။

'ကျစ်...ဘာတွေလဲကွာ"

သူခေါင်းကိုတစ်ချက်ခါလိုက်ပြီး ပြန်အိပ်ရန်ပြင်လိုက်စဥ် သူဖုန်းလေးကထမြည်လာသည်။

သူ့သူငယ်ချင်းမ တွယ်တာပင်။

"Happy Birthday Liam, မွေးနေ့မှစ၍နောင်နှစ်များစွာထိ ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ပါစေ"

"ကျေးဇူးပါတွယ်တာရေ။မနက်ကျမှမုန့်လိုက်ကျွေးမယ်နော်"

"ဟဲ့ မနက်ဘုရားသွားဖို့ကငါ့ကားနဲ့လာခေါ်ရမလား"

"အေ့ လာခေါ်လိုက် မေမေကလည်းနင့်ကိုဒီရက်ထဲမလာလို့မေးနေတာ"

"အေးအေးလာခဲ့မယ် ​အဲ့တာဆိုဒါပဲနော် ငါနင့်ကို BD wish ချင်လို့ Blကားကြည့်ရင်းစောင့်နေတာအဟီး"

"မသာမနင်ကအမြဲအဲ့တာပဲအလုပ်လုပ်"

Liam လည်းဖုန်းချပြီးပြန်အိပ်ရန်ပြင်လိုက်သည်။သို့သော်သူအိပ်မပျော်ပါ။မျက်လုံးထဲခုနကအိမ်မက်ကသာကြီးစိုးနေသည်။

ငါအိမ်မက်ထဲမှာခေါ်လိုက်တဲ့'အကို'ကဘယ်သူလဲ။ နောက်ပြီးသေနတ်မှန်တဲ့ငါကရောဘာလို့အဲ့နေရာမှာရှိနေရတာလဲ။

ချစ်သော "ထွေး" (Complete)Where stories live. Discover now