💜Part36💜

13.2K 1.1K 32
                                    

"အစ်ကို... သတိထား"

"ဒိုင်း"

"လူဇော်.."

သေနတ်သံတစ်ချက်နှင့်အတူ လူဇော်ကျောပြင်ကပူခနဲခံစားလိုက်ရသည်။ သူ မပြိုလဲချင်သေးဘူး။အစ်ကို့ကိုအဖြေပေးချင်သေးတယ်။

ဆက်ပြီးမတောင့်ခံနိင်တော့ပဲကြမ်းပြင်ပေါ် ရုတ်တရက်လဲကျသွားသော်လည်းသူလဲကျသွားသည်က အစ်ကို့ရင်ခွင်ထဲ။အကိုကဖမ်းထားသည်။

"ဒိုင်း...ဒိုင်း...."

သေနတ်သံတွေကဆူညံနေတုန်းပဲ။ အစ်ကို့ကိုအန္တရာယ်တစ်စုံတစ်ရာမသက်ရောက်စေလိုပါ။ သူနောက်ဆုံးအချိန်အထိကာကွယ်ပေးချင်သည်။

ပေါက်သွားသောကျောပြင်ကရှေ့ရင်ဘတ်ထိပါလာပွင့်သည်။ နာကျင်မှူနှင့်အတူ သွေးများကပါးစပ်ဆီမှအထိန်းအကွပ်မဲ့။သို့သော်သူအားတင်းထားသည်။ အစ်ကို့ကိုပြောစရာတွေရှိသည်။

"ဒေါက်...ဒေါက်...ဒေါက်"

"HELLO, meet you again Ko Yu Maung"

"ဟင် ရီရီ"

"ဟုတ်ပါတယ် ကျွန်မရီရီပါရှင်"

"မင်းကဘယ်လို"...

ယုမောင်အံ့သြလို့်မဆုံးသေး။ရီရီ့အနောက်ဆီမှ လူလုံးထွက်လာသည်က ဖိုး​ေတ။

"ကျုပ်မပြောခဲ့ဘူးလားကိုယုမောင်။အ​ကြွေးပြန်ဆပ်ဖို့ပြင်ထားဆိုတာလေ"

"တောက်"

ယုမောင်တောက်တစ်ချက်သာခေါက်ပစ်မိသည်။သူခုခံနိုင်သော်လည်းသူလူဇော်လေးကိုအထိခိုက်မခံစေနိုင်ပါ။

သူပါအသေခံလိုက်မည်။လူဇော်လေးထပ်နာကျင်တာမျိုးမလိုချင်တော့။

"ဒါက ကျုပ်လူတွေနဲ့ကျုပ်ကို ထောင်ထဲမှာ ခွေးလိုထားတဲ့အကြွေး....ဒိုင်း"

"အ့ "

ဖိုးတုတ်က ပြောပြောဆိုဆိုကိုယုမောင်ခြေထောက်ကို သေနတ်ဖြင့်ပစ်လိုက်သည်။

"ရှင်ဘာလုပ်တာလဲ ကိုဖိုး​တေ ။ကျမတို့သဘောတူထား​တဲ့ အထဲမှာကိုယုမောင်ကိုထိခိုက်ဖို့မပါဘူးလေ"

"ငါ့အလုပ်ငါလုပ်နေတာနင်ဝင်မပါနဲ့"

ပြောပြီးဖိုးတေ ကနောက်တစ်ချက်ပစ်ရန်သေနတ်မောင်းကိုချိတ်ပြီးရွယ်လိုက်စဥ် ဖြတ်ခနဲသေနတ်ကိုဘေးသို့ပုတ်ချခံလိုက်ရသည်။

ချစ်သော "ထွေး" (Complete)Where stories live. Discover now