Final Part💜

25.4K 1.3K 67
                                    

အဖြစ်အပျက်များဖြစ်ပျက်ပြီးတစ်ပတ်အကြာ သတင်းစာခေါင်းကြီးပိုင်းများမှနေ၍ အမည်မသိရုပ်အလောင်းသုံးလောင်းရှာဖွေရရှိခြင်းနှင့် အငြိမ့်သဘင်လောကတွင်နာမည်ကြီးလှသော ခေါင်းဆောင်မင်းသမီးမနှင်းဆီ ရုတ်တရက်ပျောက်ဆုံးခြင်း ဆိုသည့်သတင်းများက မြန်မာနိုင်ငံတစ်ဝှမ်းလုံးကို ပျံ့နှံ့သွားလေသည်။

*******
ရာသီစက်ဝန်းကပြောင်းလဲနေသည်နှင့်အမျှအချိန်ကလည်းတဖြည်းဖြည်းကုစားသွားလေသည်။

စုမော်ကလည်း ကျောင်းဆက်တက်သလို မေမေကလည်း စက်ရုံကို ပြန်လုပ်နေသည်။သို့သော်အရင်ကလောက်တော့မသွက်လက်တော့။တခါတလေထွေးကိုခိုင်းသလို တစ်ခါတစ်လေ ကိုကိုကြီးကိုခိုင်းတတ်သည်။

ထွေးနဲ့ကိုမောင်ကတော့အရင်ကသဘောတူထားသလို နှစ်ဦးသားလက်မှတ်ထိုး၍ အကျဥ်းရုန်းမင်္ဂလာဆောင်လိုက်သည်။ ထွေးနဲ့ကိုမောင်ကအိမ်ချင်းကပ်ရပ်ဆိုတော့တစ်ခါတစ်လေထွေးအိမ်မှာပြန်နေချင်နေသည်။ကိုမောင့်အိမ်မှာလည်းနေချင်နေသည်။

ကိုကိုကြီးကတော့ ရာထူးမှနှုတ်ထွက်၍ ခြံအနောက်ဘက်ကတစ်ဧကကျော်ကျယ်သော မြေကွက်လပ်ကို သစ္စာပန်းများစိုက်သည်။

ကိုကိုကြီးကတစ်ခါတစ်ရံတယောလေးထိုး၍နေတတ်ပြီး သူတစ်ယောက်တည်းငိုရင်ငိုသည်။တစ်ခါတလေ စကားတွေပြောနေတတ်ပြီး တစ်ခါတလေပြုံးစိစိနှင့်။

ထွေးရောကိုမောင်ရောက မေမေနှင့်တိုင်ပင်ပြီး
ဘိလပ်ကစိတ်ပညာဆရာတွေနဲ့ကုသသော်လည်းမပျောက်။ဒီတိုင်းကဒီတိုင်းမို့လက်လျှော့လိုက်ကြသည်။

တစ်ခါတစ်ရံတော့သူကပြောတတ်သည်။လူဇော်က သူအနားမှာရှိတယ်တဲ့။သူနဲ့စကားတွေပြောနေတာတဲ့​ေလေ။

******

ဆယ်နှစ်ခန့်ကြာသော်(1950)

ရန်ကုန်မြို့၏ Church ကျောင်းတစ်ခုတွင်ဖြစ်သည်။

ကော်ဇောနီခင်းထားသောလျှောက်လမ်းတစ်လျှောက် ယုမောင် လက်ကိုအသက် ၂ဝအရွယ်သတို့သမီးလေးက ချိတ်၍လျှောက်လာသည်။

တရားဟောဆရာ၏ရှေ့အရောက် သူရောသတို့သမီးရော ရပ်လိုက်ပြီး နိုင်ငံခြားသားကောင်လေးတစ်ယောက်လက်ထဲသို့ ထိုသတို့သမီးလေးကိုထည့်ပေးလိုက်သည်။

ချစ်သော "ထွေး" (Complete)Where stories live. Discover now