အပိုင်း(၉၄)

3K 217 0
                                    

စုရန်ခေါင်းညိတ်ပြလိုက်ပြီးထိုင်ခုံ‌အနောက်ကိုမှီပြီးထိုင်လိုက်တယ်။သူမမျက်လုံးတွေမှိတ်ထားပေမယ့်အိပ်ချင်စိတ်မရှိဘူးဖြစ်နေတယ်။အဖွားဆုံးသွားတဲ့အတွက်သူမစိတ်နဲ့ခန္ဓာကိုယ်ကဘယ်လိုမှကိုနေလို့မကောင်းဘူး။

သူမမျက်လုံးမှိတ်လိုက်တာနဲ့အဖွားရဲ့ပုံရိပ်
တွေဘဲမြင်ယောင်လာတယ်။

သူမမခံစားနိုင်တော့ဘဲမျက်လုံးပြန်ဖွင့်လိုက်ရတယ်။ထျန်မီသူမကိုကြည့်ပြီး: 'အိပ်မပျော်ဘူးလား?'

သူမမျက်မှောင်ကြီးကြုတ်ပြီးခေါင်းခါပြလိုက်တယ်။

'နင်လင်ချန်ဟွမ်အဖွားအကြောင်းကိုတွေးနေတယ်ဆိုတာကိုငါသိပါတယ်။လူတိုင်းကလဲဒါကိုလက်မခံနိုင်ကြသေးဘူး....' ထျန်မီဆက်ပြောလိုက်တယ်: 'ညသန်းခေါင်ကြီးအိမ်ကနေသူထွက်သွားရလောက်အောင်နာနီကဘယ်လိုပြုစုနေတာလဲမသိဘူး။ငါထင်တာတော့သူလင်ချန်ဟွမ်ကိုသွားရှာရင်းနဲ့ရထားလမ်းကိုဖြတ်ကူးလိုက်တာဖြစ်မယ်။မှောင်ကလဲမှောင်နေတော့သူရှောင်လို့မရဘဲမတော်တဆဖြစ်သွားတာနေမှာ။မနေ့နေ့လည်တုန်းကတောင်ငါအသုဘအခန်းနားကိုသွားခဲ့သေးတယ်။ခန္ဓာကိုယ်အစိတ်အပိုင်းဘာတစ်ခုမှပြန်မရတော့ကျန်ရစ်တဲ့ရုပ်အလောင်းတောင်မရှိတော့ဘူး။အဖွားကလူကောင်းတစ်ယောက်ဖြစ်တာကို ဘာလို့ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံရတာလဲ...'

စကားဆုံးသွားတာတဲ့အထိကိုထျနိမီရှိုက်ပြီးပြောနေတယ်။

စုရန်လဲမျက်ရည်‌တွေစီးကျလာခဲ့တယ်။

'ရန်ရန် ချန်ဟွမ်အဲ့ဒီမှာတကယ်ရှိနေလိမ့်မယ့်လို့နင်ထင်လား?'

'ထင်တာဘဲ။အသေချာကြီးတော့ငါလဲမပြောနိုင်ဘူး။ဒါပေမယ့်အဲ့ဒီနေရာကအဖွားနဲ့သူခဏခဏသွားတဲ့နေရာဘဲ' စုရန်မျက်လုံးတွေကိုအုပ်ပြီးပြောလိုက်တယ်။

'အဲ့ဒါဆိုရင်လဲအဲ့ဒီမှာသွားရှာကြရအောင်။သူ့ကိုအဲ့ဒီမှာမတွေ့ရင်တခြားနေရာမှာရှာကြတာပေါ့။ငါတို့သူ့ကိုတွေ့အောင်ရှာကြတာ‌ပေါ့။ငါတို့သူ့အတွက်ဘာမလုပ်ပေးနိုင်ပေမယ့် သူ့အနားမှာနေပြီးနှစ်သိမ့်ပေးလို့တော့ရပါတယ်'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now