'စုန့်ထင်ယွီ....'
စုရန်ကြမ်းပြင်ပေါ်ကစာရွက်အပိုင်းအစတွေက်ိုကောက်ပြီးလုံးပြီးသူ့မျက်နှာကိုပစ်လိုက်ကာ: 'ကျွန်မရှင့်အစားဆုံးဖြတ်ချက်ချပေးလိုက်တာ။ရှင်ဒီလောက်တောင်ပိုင်ချီရွေ့ကိုစွဲလမ်းနေရင် ဘာလို့သူနဲ့အတူတူသွားမနေတာလဲ?'
တစ်ညလုံးမအိပ်ထားတာကြောင့်စုန့်ထင်ယွီမျက်လုံးတွေနီနေပြီး: 'ဘယ်တုန်းကကိုယ်ပိုင်ချီရွေ့ကိုစွဲလမ်းနေလို့လဲ?ကိုယ်သူနဲ့လမ်းခွဲလိုက်တာကြာပြီ'
'လမ်းခွဲလိုက်ပြီ ဟုတ်လား?' စုရန်ရယ်လိုက်ပြီးသူမမျက်နှာမှာသူ့ကိုလှောင်နေတာကိုတွေ့နေရတယ်။
စုန့်ထင်ယွီသူမရဲ့အခုမျက်နှာပုံစံကိုမကြိုက်ဘူး။သူ့ကိုမယုံကြည်တာကိုပြနေလို့။သူမလက်ကိုသူကိုင်လိုက်ပြီး: 'မင်းကိုယ့်ကိုမယုံဘူးလား?'
'ဟုတ်တယ်။ကျွန်မရှင့်ကိုမယုံဘူး'
သူကိုင်တာကိုမခံချင်လို့စုရန်ရုန်းနေတယ်။စုန့်ထင်ယွီလဲသူမရုန်းနေရင်းနဲ့သူမ
ထိခိုက်မိမှာကြောက်ပြီး လက်ကိုလွှတ်ပေးလိုက်ကာထပ်ပြီးမကိုင်ရဲတော့ဘူး။'ဘာလို့ကိုယ့်ကိုမယုံရတာလဲ?မင်းကိုယ့်ကိုယုံအောင်ဘယ်လိုလုပ်ပေးရမလဲ?'
စုရန်အရမ်းကိုပင်ပန်းနေပြီ။သူမကလေးကိုဆုံးရှုံးရတော့မလို့။သူမသာကလေးကိုဆုံးရှုံးသွားရင်ဘယ်လိုလုပ်မလဲ?စုန့်ဝမ်ရှီအသက်အန္တရာယ်ရှိလာမှာလေ။
ဒီလေးလကလေးကိုသာဆုံးရှုံးသွားရင်စုန့်ဝမ်ရှီဘယ်လိုလုပ်မလဲ?
အခုသူမကစုန့်ထင်ယွီနဲ့ပိုင်ချီရွေ့တို့ကြားထဲမှာတတိယလူဖြစ်နေတာ။သူမမှာသာကလေးမရှိတော့ရင်စုန့်ထင်ယွီကပိုင်ချီရွေ့ဆီကိုပြန်သွားမှာလို့ပိုင်ချီရွေ့ရဲ့ပရိတ်သတ်တွေကပြောခဲ့တာ။အဲ့ဒါကြောင့်သူတို့သူမကိုတမင်တွန်းချပြီးရယ်ပြီးသူမခံရသင့်တယ်လို့ပြောခဲ့တယ်။
အဲ့ဒီတုန်းကသူမကလေးကိုဆုံးရှုံးလိုက်ရပြီဆိုတဲ့ခံစားချက်ကသူမကိုအရမ်းကြောက်သွားစေတယ်။သူမတစ်ခါမှအဲ့လိုမခံစားဖူးဘူး။သူမစိတ်ဓါတ်တွေပြိုလဲသွားရတယ်။
DU LIEST GERADE
နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး
RomantikSummary လေးနှစ်ကြာလက်ထပ်ပြီးတဲ့နောက် စုရန်နဲ့စုန့်ထင်ယွီတို့ကြားမှာအချစ်ဆိုတာမရှိခဲ့ပါဘူး။စုရန်ရဲ့ကိုယ်ဝန်ကြောင့်အတင်းအကျပ်လက်ထပ်ပေးခြင်းခံခဲ့ရတာပါ။စုန့်ထင်ယွီထင်ခဲ့တာကစုရန်ကစုန့်အိမ်ကိုဝင်လာဖို့အတွက်ရည်ရွယ်ချက်ရှိရှိနဲ့လှည့်စားခဲ့တဲ့မြေခွေးလိုမိန်း...