အပိုင်း(၅၃)

4.3K 360 16
                                    

စုရန်မျက်နှာမကောင်းဖြစ်သွားပြီးခေါင်းညိတ်ပြလိုက်တယ်: 'သိပါတယ်'

သူတို့နည်းလမ်းတွေအားလုံးသုံးပြီးသွားတာတောင်မအောင်မြင်ခဲ့ဘူး။ဒါကနောက်ဆုံးနဲ့အအောင်မြင်နိုင်ဆုံးနည်းလမ်းဆိုတော့ သူမမှာရွေးချယ်စရာမရှိဘူး။

စုန့်ထင်ယွီနဲ့ စုန့်ဝမ်ရှီတို့ရဲ့ဆက်ဆံရေးကိုကြည့်ပြီး နောက်ကလေးတစ်ယောက်ထပ်‌မွေးဖို့ကိုသူမအများကြီးစဉ်းစားကြည့်ဖူးတယ်။နောက်ကလေးကိုရောစုန့်ဝမ်ရှီလိုမျိုးသူမတွေ့ကြုံစေချင်ရဲ့လားလို့။

နောက်ကျရင်အဲ့ဒီက‌လေးက သူ့ကိုဆေးကုတဲ့နေရာမှာသုံးဖို့အတွက်တမင်မွေးလာတာလားဆိုပြီးမေးလာနိုင်တယ်။သူမဘာလို့ဒီလောက်တောင်တကိုယ်ကောင်းဆန်ရတာလဲ?

သူမအဲ့ဒါတွေအကုန်လုံးကိုတွေးပြီးသွားပြီ။ဒါပေမယ့် သူမဆက်ပြီးနက်နက်နဲနဲမတွေးချင်တော့ဘူး။

အခုဒါကလွဲပြီး သူမဘာလုပ်နိုင်လို့လဲ?

အရာဝန်အခန်းကနေပြန်ထွက်လာတော့ တစ်ယောက်ကအ‌ရှေ့မှာလျှောက်ပြီးနောက်တစ်ယောက်ကအနောက်မှာလျှောက်ကာစကားလဲမပြောဖြစ်ကြဘူး။

စုရန်ကတော့ဒီအကြောင်းကိုတွေးနေပေမယ့် စုန့်ထင်ယွီကတော့ဘာတွေးနေလဲမသိပါဘူး။

သူမတို့ရောက်ခါနီးတော့မှ စုန့်ထင်ယွီပြောလိုက်တယ်: 'မင်းအရင်သွားနှင့်လိုက်။ငါ အားကျန့်ကိုသွားတွေ့လိုက်ဦးမယ်'

စုန့်ရန်လဲခေါင်းညိတ်ပြလိုက်ပြီး သူ့ကိုဂရုမစိုက်ဘဲပြန်လာလိုက်တယ်။

စုန့်ဝမ်ရှီအခန်းကိုပြန်နေတုန်း အခန်းအပြင်ကနေစုန့်ဝမ်ရှီအသံကိုကြားလိုက်ရတယ်: 'အန်တီပြန်တော့။အန်တီ့ကိုသားမတွေ့ချင်ဘူး။ဒီမှာလဲမနေနဲ့တော့။မေမေတွေ့သွားမှာကိုသားမလိုချင်ဘူး'

ပြီး‌တော့ချန်ကျင်အသံကိုကြားလိုက်ရတယ်: 'ဝမ်ရှီ ဘာလို့ယဉ်ကျေးမှုမရှိရတာလဲ?အန်တီပိုင်ကမင်းဆီကိုလာတွေ့တာကို
ဘာလို့မောင်းထုတ်နေရတာလဲ?မင်းကိုယဉ်ကျေးမှုမရှိအောင်ဘယ်သူသင်ပေးထားတာလဲ?မင်းကတော်တော့ကိုရိုင်းတာဘဲ။အေးပေါ့လေ ဒီအမေဆိုတော့လဲဒီသားဘဲပေါ့'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now