သူမပြောပြီးလက်ကိုပြန်ရုတ်လိုက်ကာ: 'ဒီနေ့မလုပ်ဘဲနဲ့...'
အဲ့ဒါကိုလဲတွေ့ရောစုန့်ထင်ယွီသူမလက်ကိုပြန်ဆွဲထားလိုက်ပြီး: 'မင်းဒီနေ့လို့ပြောထားတာ။မရဘူးဒီနေ့ဘဲ။ပြီးတော့ဒီလိုကိစ္စမျိုးဆိုတာကကြိုတင်ပြင်ဆင်ထားဖို့မလိုဘူး။မင်းမလုပ်နိုင်ရင်ကိုယ်သင်ပေးမယ်...'
စုရန်မချိပြုံးပြုံးပြီးသူ့ကိုကြည့်လိုက်ကာ: 'ရှင်ဘာလို့ဒီလောက်တောင်အတွေ့အကြုံရှိနေရတာလဲ?အရင်တုန်းကရောပိုင်ချီရွေ့ရှင့်ကိုခဏခဏကူညီပေးဖူးတာလား?ဒါမှမဟုတ်ရင်တခြားမိန်းမတွေလား?'
စုန့်ထင်ယွီသူ့နဖူးကိုသူထုလိုက်ပြီးစုရန်ကိုဖက်လိုက်ကာ: 'မိန်းမကလဲ အဲ့ဒါအရင်ကကိစ္စတွေလေ။ပြန်မပြောကြရအောင်။အဲ့ဒီတုန်းကကိုယ်ကငယ်ရွယ်ပြီးအတွေ့အကြုံလဲမရှိဘူးလေ။ပြီးတော့လဲမင်းဘာလို့ကိုယ့်အရှေ့မှာစောစောစီးစီးပေါ်မလာရတာလဲ?ပေါ်လာရင်ကိုယ်ဘယ်လိုလုပ်ပြီးတစ်ခြားမိန်းမတွေကိုသွားကြည့်ဖြစ်မှာလဲ?'
'မဖြစ်နိုင်တာ' စုရန်ချက်ချင်းပြန်ပြောလိုက်တယ်: 'ရှင့်အရှေ့မှာကျွန်မပေါ်လာသားဘဲ။ရှင့်ဘာသာကျွန်မကိုမကြည့်ခဲ့တာကို'
စုန့်ထင်ယွီချောင်းဟန့်လိုက်တယ်။အမှန်တော့သူလဲဝန်ခံပါတယ်။အဲ့ဒီနှစ်ကစုဟုန်ကြောင့်သာမဟုတ်ရင်သူမကိုသူအဲ့လိုဆက်ဆံခဲ့မှာမဟုတ်ဘူး။
ပြောရရင်စုရန်ကသူ့အကြိုက်ပုံစံဘဲ။သူမကိုကြည့်ရတာပိန်တယ်လို့ထင်ရပေမယ့် သူမခန္ဓာကိုယ်ကအရမ်းကိုလှတာ။သူမခြေထောက်တွေကရှည်ရှည်မျောမျောသေးသေးသွယ်သွယ်လေး။အထူးခြားဆုံးကသူမရဲ့မျက်နှာဘဲ။ဒီလိုလှပတဲ့မျက်နှာမျိုးနဲ့သူမဘယ်ကိုဘဲသွားသွားလူတွေကိုဆွဲဆောင်နိုင်တယ်။တခြားလှတဲ့မိန်းကလေးတွေလဲရှိကြပေမယ့် သူမအလှကတော့သူများနဲ့မတူဘူး။
အဲ့ဒီနှစ်တုန်းကလဲစုဟုန်ကြောင့်သူမကိုသူငြင်းခဲ့တာ။သူမကိုစုဟုန်ကြောင့်ဘဲသူအထင်သေးခဲ့မိတာ။
အဲ့ဒီနှစ်တုန်းကသူမကိုသူစုဟုန်ကြောင့်သိခဲ့တာမဟုတ်ရင် ဒီနှစ်တွေမှာခွဲနေခဲ့ရမှာမဟုတ်လောက်ဘူး။သူတို့ဘဝမှာလဲဒီလိုမျိုးအခက်အခဲတွေနဲ့ကြုံရမှာမဟုတ်ဘူး။
YOU ARE READING
နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး
RomanceSummary လေးနှစ်ကြာလက်ထပ်ပြီးတဲ့နောက် စုရန်နဲ့စုန့်ထင်ယွီတို့ကြားမှာအချစ်ဆိုတာမရှိခဲ့ပါဘူး။စုရန်ရဲ့ကိုယ်ဝန်ကြောင့်အတင်းအကျပ်လက်ထပ်ပေးခြင်းခံခဲ့ရတာပါ။စုန့်ထင်ယွီထင်ခဲ့တာကစုရန်ကစုန့်အိမ်ကိုဝင်လာဖို့အတွက်ရည်ရွယ်ချက်ရှိရှိနဲ့လှည့်စားခဲ့တဲ့မြေခွေးလိုမိန်း...