အပိုင်း(၅၅)

4.4K 337 27
                                    

'သိပါပြီ' ပိုင်ချီရွေ့သဘောတူလိုက်ပေမယ့် သူမအသံကရှိုက်သံထွက်နေပြီး နှုတ်ခမ်းတွေကိုလဲအတင်းကိုက်ထားရင်းပြောလိုက်တယ်။

ချန်ကျင်ကြည့်ရတာအဲ့ဒါကိုဆက်မကြည့်နိုင်တဲ့ပုံနဲ့: 'ထင်ယွီ ဘာလို့ချီရွေ့ကိုဒီလိုမျိုးပြောရတာလဲ?ဘာလို့အဲ့ဒီသားအမိနဲ့ပေးမတွေ့ရတာလဲ?စုရန်တွန်းချလို့သူကလေးပျက်သွားပြီး‌ပြီလေ။ဘာလို့စုရန်သဘောကျလိုက်နေပေးရမှာလဲ?'

'တော်လောက်ပြီ' စုန့်ထင်ယွီအေးစက်နေတဲ့မျက်လုံးတွေနဲ့ချန်ကျင်ကိုကြည့်လိုက်ပြီး: 'အမေနဲ့ကျွန်တော်အခုကိစ္စကိုမရှင်းရသေးဘူး။ဝမ်ရှီခွဲစိတ်ထားလို့စိတ်ငြိမ်ဖို့လိုအပ်နေတယ်ဆိုတာကိုအမေသိရက်နဲ့ဘာလို့အဲ့ဒီမှာပြဿနာသွားရှာရတာလဲ?သူထပ်ပြီးမကောင်းတာဖြစ်ဖို့အမေမျှော်လင့်နေတာလား?'

ချန်ကျင်မျက်နှာပျက်သွားပြီး: 'မင်းဘာတွေပြောနေတာလဲ?ချီရွေ့ကိုတွေ့သွားရင်သူပြဿနာဖြစ်လိမ့်မယ်လို့ငါကဘယ်ထင်ထားပါ့မလဲ?ငါ့ကိုမင်းကဘယ်လိုလူလို့ထင်နေလို့လဲ?ငါကအဲ့လောက်‌တောင်ရက်စက်နေလို့လား?စုရန်လိုမျိုးရက်စက်တဲ့လူလား?'

သူမရဲ့စကားတိုင်းမှာစုရန်ကိုထည့်ပြောနေတာကိုကြားပြီး စုန့်ထင်ယွီနားကြားပြင်းကပ်လာကာ: 'အရာရာတိုင်းမှာစုရန်ကိုဆွဲမထည့်ပါနဲ့။အမေ ဝမ်ရှီ့ကိုစိတ်ရင်းနဲ့တွေးပေးလိမ့်မယ်လို့ကျွန်တော်မျှော်လင့်မိတယ်။သူ့ကိုစိတ်အပြောင်းအလဲမဖြစ်စေပါနဲ့။အမေလုပ်နိုင်တယ်မလား?မလုပ်နိုင်ရင်အမေလဲသူ့ရှေ့ကိုမသွားနဲ့တော့'

ချန်ကျင်လဲဒေါသထွက်သွားပြီး: 'စုန့်ထင်ယွီ ငါကဝမ်ရှီ့အဖွားပါ'

စုန့်ထင်ယွီ‌လေသံကအရင်ကအတိုင်းအေးစက်နေကာ: 'အမေကသူ့အဖွားဆိုတာကိုသိသေးရင် သူ့အတွက်ဘာကိုလုပ်သင့်တယ်။ဘာကသူ့အတွက်ကောင်းလဲဆိုတာကိုလဲသိသင့်တယ်'

'မင်း....'

ချန်ကျင်ကိုကြည့်ပြီး ပိုင်ချီရွေ့လဲသူ့ကိုနှစ်သိမ့်ပေးဖို့အနားကပ်လာကာ: 'အန်တီ အဆင်ပြေရဲ့လား?'

ပြီးတော့ သူမ စုန့်ထင်ယွီကြည့်လိုက်ပြီး: 'ထင်ယွီ ဟုတ်ပါပြီ။ထပ်ပြီးမပြောပါနဲ့တော့'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now