အပိုင်း(၁၄၇)

2K 144 1
                                    

သူမလက်ကိုကအိပ်ယာပေါ်မှာပြန်ချထားလိုက်ပြီး သူမကိုစောင်ပြန်ခြုံပေးလိုက်တယ်။ပြီးတော့သူအပြင်မှာဖုန်းထွက်ဆက်လိုက်တယ်။

'ဇီချူ ငါ့ကိုကိစ္စတစ်ခုစုံစမ်းပေးဦး'

ဒီနေ့စုန့်ထင်ယွီ ရုံးနေအလျင်စလိုထွက်သွားရတာစုရန်တစ်ခုခုဖြစ်လို့ဆိုတာကိုထျန်ဇီချူသိနေတော့ သူအ‌မြန်ဘဲပြန်မေးလိုက်တယ်: 'ဥက္ကဌစုန့် စုန့်ကတော်ဘယ်လိုနေသေးလဲ?'

'သူအခုအဆင်ပြေသွားပါပြီ။ငါ့ကိုဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကိုစုံစမ်းပေးဦး။ပြီးတော့စုရန်ကိုဘယ်သူတွန်းချခဲ့တာလဲဆိုတာကိုငါသိချင်တယ်....' သူဒီနေ့ဖြစ်ခဲ့တာတွေကိုထျန်ဇီချူက်ိုပြောပြလိုက်တယ်။

နောက်တစ်နေ့မနက်ရောက်တော့စုရန်မနိုးလာသေးဘူး။စုန့်ထင်ယွီလဲသူမတစ်ခုခုဖြစ်တယ်ထင်ပြီးဆရာဝန်ကိုအမြန်သွားခေါ်လိုက်တယ်။

သူခဏခဏခေါ်နေတာနဲ့သူမအသက်အန္တရာယ်ကနေလွတ်သွားပြီးဘာမှမဖြစ်တော့ပါဘူးဆိုတာကိုဆရာဝန်လဲအာမခံပေးလိုက်ရတယ်။

'သူမဘာလို့မနိုးလာသေးတာလဲ?'

'ဥက္ကဌစုန့် အရမ်းစိတ်ပူမနေပါနဲ့။စုန့်ကတော်ကပင်ပန်းနေလို့ပါ။သူမအပြည့်အဝနားလိုက်ရင်နိုးလာမယ်ဆိုတာကိုကျွန်မအာမခံပါတယ်။နောက်ဆိုရင်ရှင်တို့သတိထားဖို့တော့လိုမယ်'

'မင်းအခုတော့စိတ်ပူနေပြီလား?အရင်တုန်းကဘာလုပ်နေလို့လဲ?' မဒမ်စုန့်အသံမာမာနဲ့ပြောပြီးဝင်လာခဲ့တယ်။

မဒမ်စုန့်နဲ့အိမ်အကူတွေကစုရန်အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုယူလာပေးကြတယ်။

'အဖွား'

မဒမ်စုန့်သူ့ကိုတစ်ချက်ဘဲစွေကြည့်လိုက်ပြီးလျစ်လျူရှုထားလိုက်တယ်။သူမစုရန်အနားကိုဘဲသွားပြီးပြုစုပေးနေလိုက်တယ်။စုရန်နိုးလာရင်သောက်လို့ရအောင်အားဖြည့်အစာကိုစားပွဲပေါ်တင်ထားလိုက်ဖို့အိမ်အကူကိုပြောလိုက်တယ်။

'ငါအပြင်မှာထန်ဇီချူကိုတွေ့ခဲ့တယ်။မင်းအရေးကြီးကိစ္စရှိရင်သွားလိုက်။ငါရန်ရန်ကိုစောင့်ထားပေးမယ်။ပြီးမှမင်းပြန်လာခဲ့ပေါ့...' မဒမ်စုန့်ပြောလိုက်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now