အပိုင်း(၈၃)

3.6K 265 0
                                    

သူမကိုင်ကြည့်လိုက်တော့ ကျားသစ်အတွင်းခံဖြစ်နေပြီး ဆိုဒ်ကိုကြည့်ရတာမိန်းကလေးအတွက်မဟုတ်ဘဲ ယောက်ျားလေးအတွက်ဖြစ်နေတယ်။

အဲ့ဒါကဟိုးအောက်မှာရောက်နေတာဆိုတော့ စုန့်ထင်ယွီလဲအဲ့ဒါရှိနေတာကိုမသိဘူး။အထဲမှာမိန်းကလေးအတွင်းခံတွေချည်းလို့ဘဲသူထင်နေခဲ့တာ။

သူမလဲအဲ့ဒါကိုကိုင်လိုက်ရော သူ့မျက်နှာကမဲမှောင်သွားတယ်။သူမလက်ထဲကနေသူယူကြည့်လိုက်တော့ တကယ့်ကိုယောက်ျားလေးဟာဘဲ။သူ့မျက်နှာကပိုပိုပြီးမဲမှောင်လာခဲ့တယ်။

စုရန်လဲဗိုက်လေးကိုကိုင်ပြီးအားရပါးရရယ်လိုက်ပြီး ကျားသစ်အတွင်းခံကိုလက်ညှိုးထိုးပြလိုက်ကာ: 'ရှင်အဲ့တာကိုဝတ်ရင် ကျွန်မလဲဟိုဟာကိုချက်ချင်းဝတ်လိုက်မယ်။ဘယ်လိုလဲ?'

စုန့်ထင်ယွီအဲ့လိုsexyကျတဲ့အတွင်းခံမျိုးကိုမဝတ်ဘူးဆိုတာကိုစုရန်သိလို့ပြောလိုက်တာ။အခုတော့ သူမကုတင်ကိုမှီပြီး သူ့ကိုပျော်ပျော်ကြီးကြည့်နေလိုက်တယ်။

သူ့ရဲ့ချောမောနေတဲ့မျက်နှာက မျက်‌မှောင်ကြီးကြုတ်လာတယ်။ဒီဟာအထဲမှာရှိနေတာကိုသူဘာလို့မသိခဲ့ရတာလဲ?

သူ့ရဲ့ဒီလိုရုပ်မျိုးကိုတွေ့ရခဲတယ်။စုရန်လဲသူ့ကိုကြည့်ပြီးသဘောတွေကျနေတယ်။အဲ့ဒီဟာကိုစုရန်ထပ်ပြီးယူလိုက်ကာ သူ့အရှေ့မှာဝှေ့ယမ်းပြလိုက်ပြီး: 'ဘယ်လိုလဲ?ရှင်ဝတ်မှာလားမဝတ်ဘူးလား?ရှင်အရင်ဝတ်လိုက်ရင်ကျွန်မလဲဝတ်မှာ။မဟုတ်ရင်တော့ ဒါတွေကိုသိမ်းပြီးအိပ်ကြရအောင်'

သူ့ရှေ့မှာယမ်းပြနေတဲ့အတွင်းခံကိုစုန့်ထင်ယွီကြည့်လိုက်ပြီး သူအဲ့ဒါကိုဆွဲဖြဲလို့မရတာကိုမုန်းနေမိတယ်။စုရန်ကတော့သူ့မျက်နှာအီးမှန်သလိုဖြစ်နေတာကိုသဘောကျနေမိတယ်။

'ဘယ်လိုလဲ?' စုရန်သူ့စိတ်ကိုထပ်ပြီးဆွပေးနေတယ်။သူမဝတ်ဘူးဆိုတာကိုသိနေတော့ သူ့ကိုသူမစချင်သလောက်စလို့ရတယ်။

'ရှင်မဝတ်ဘူးလား?' စုရန်မျက်တောင်လေးပုတ်ခက်ပုတ်ခက်လုပ်လိုက်ပြီး: 'ရှင်ဝတ်ရှင်ကျွန်မလဲဝတ်မှာ။တကယ်ပြောတာ...'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now