အပိုင်း(၁၆၁)

2.1K 176 3
                                    

သူမပြောလိုက်တဲ့အသံကပြင်းရှရှအသံဖြစ်သွားလိမ့်မယ်လို့မထင်ထားခဲ့ဘူး။

စုန့်ထင်ယွီသူမကိုယ်ကိုစောင်နဲ့ပတ်ပေးပြီးတော့ရေချိုးခန်းထဲကိုခေါ်သွားတယ်။သူရေချိုးကန်ကိုရေ‌ဖြည့်ပေးပြီးတော့သူမကိုရေချိုးကန်ထဲကိုထည့်လိုက်တယ်။

သူမရေနွေးနဲ့ထိလိုက်ရတော့နေလို့ကောင်းလွန်းလို့သက်ပြင်းလေးချလိုက်မိတယ်။

စုန့်ထင်ယွီရေချိုးဆပ်ပြာကိုလက်ထဲထည့်ပြီးအမြှုပ်လေး‌‌တွေထအောင်လုပ်ပြီးတော့မှစုရန်ကိုဆပ်ပြာတိုက်ပေးလိုက်တယ်။မကောင်းတဲ့ရည်ရွယ်ချက်နဲ့သူပြုံးလိုက်ပြီး: 'မင်းအသံကိုနားထောင်ရတာစိတ်မကျေနပ်သေးဘူးလို့ကိုယ်ထင်တယ်။ကိုယ်ထပ်လုပ်လိုက်ရမလား'

စုရန်မျက်စောင်းထိုးလိုက်တယ်။သူမမျက်နှာ‌ပူနေတုန်းဘဲ: 'မဟုတ်တာ‌တွေပြောမနေနဲ့'

သူမပင်ပန်းလွန်းတာကြောင့်လား ဒါမှမဟုတ်နေရတာသက်တောင့်သက်သာရှိလို့ထင်တယ် ခဏလေးနဲ့စုရန်အိပ်ပျော်သွားတယ်။သူမအအေးမိမှာကြောက်ပြီးစုန့်ထင်ယွီလဲသူမကိုရေထဲမှာအကြာကြီးမနေခိုင်းရဲဘူး။အဲ့ဒါကြောင့်မြန်မြန်ဘဲသူမကိုအဝတ်နဲ့ပတ်ပေးလိုက်ပြီးအိပ်ယာပေါ်ကိုပြန်‌ချီလာခဲ့တယ်။သူမကိုယ်ကိုသူသုတ်ပေးလိုက်ပြီးစောင်ခြုံပေးလိုက်တယ်။

စုန့်ထင်ယွီလဲအိပ်ယာပေါ်မှာလှဲလိုက်ပြီး‌မျက်နှာကျက်ကိုကြည့်လိုက်တယ်။သူအိပ်ချင်စိတ်မရှိသေးဘူး။သူ့ခန္ဓာကိုယ်ကအပူမီးတွေကဘယ်လ်ိုလုပ်ပြီးလွယ်လွယ်ကူကူနဲ့ငြိမ်းမှာလဲ?

ဒါပေမယ့်စုရန်ရဲ့အခုအခြေအနေနဲ့က သူအရမ်းမလုပ်ရဲဘူး။

သူစုရန်က်ိုလှည့်ကြည့်လိုက်တော့သူမကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီ။သူမဗိုက်က်ိုသူမိနစ်အနည်းငယ်ပွတ်သပ်လိုက်ပြီးတော့မှသူမကိုဖက်ထားလ်ိုက်တယ်။သူမျက်လုံးတွေကိုမှိတ်လိုက်ပြီးအိပ်ဖို့ကလွဲပြီးတခြားမစဉ်းစားဖို့ကြိုးစားလိုက်တယ်။

မနေ့ညတုန်းကတစ်စုံတစ်ယောက်ရဲ့နှိပ်စက်တာကိုအကြာကြီးခံထားရတော့သူမနောက်နေ့မနက်လဲရောက်ရောနောက်ကျမှနိုးလာခဲ့တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးTempat cerita menjadi hidup. Temukan sekarang