အပိုင်း(၁၅၄)

1.9K 135 1
                                    

စုန့်ထင်ယွီကတော့လုပ်တဲ့နည်းလမ်းကိုစိတ်မဝင်စားဘူး။အဖြေကိုဘဲလိုချင်တာ။ပိုင်ချီရွေ့ဘက်ကနေလမ်းခွဲတာကိုအရင်ကြေငြာလိုက်တာကောင်းတယ်လို့ထင်တယ်။သူလဲဘယ်လိုဘဲဖြစ်ဖြစ်ပြောတော့မှာလေ။

လူတွေကသူတို့နှစ်ယောက်ဘာပတ်သက်မှုမှမရှိတော့ဘူးဆိုတာကိုသိသွားကြပြီ။

ဘယ်သူအရင်ပြောလဲဆိုတာကိုသူစိတ်မဝင်စားဘူး။

ပိုင်ချီရွေ့ကမင်းသမီးဆိုတော့သူ့ပုံရိပ်ကိုထိန်းဖို့ကအရေးကြီးတယ်လေ။

'ကောင်းပါပြီ ဥက္ကဌစုန့်'

'ပြောစရာမရှိတော့ရင်သွားလို့ရပြီ' စုန့်ထငိယွီလက်ယမ်းပြလိုက်တော့ထန်ဇီချူထွက်သွားလိုက်တယ်။အခုသူအလုပ်မြန်မြန်ပြီးအောင်လုပ်ချင်တယ်။ခဏနေကျရင်စုရန်နဲ့စုန့်ဝမ်ရှီတို့က်ိုညစာသွားကျွေးမလို့။ပြီးတော့ကလေးပစ္စည်းလေးတွေဝယ်ပြီးအခန်းကိုပြင်ထားမလို့။

ညရောက်တော့ စုရန်ရေချိုးပြီးတော့စုန့်ဝမ်ရှီနဲ့အတူတူကော်ဇော်ပေါ်မှာထိုင်ပြီးဝယ်လာတဲ့ပစ္စည်းတွေကိုနေရာချနေတယ်။ပစ္စည်းတွေကအများကြီးဘဲ။အရုပ်တွေ၊သစ်သားမြင်းတွေနဲ့ကလေးအတွက်လိုအပ်တဲ့ပစ္စည်းလေးတွေ။ကလေးနို့ဘူးတောင်ဝယ်လာသေးတယ်။စုန့်ထင်ယွီကစားစရာတွေနဲ့စာအုပ်တွေလဲအများကြီးဝယ်လာသေးတယ်။ဒါကသူကလေးပစ္စည်းရောင်းတဲ့ဆိုင်ကိုသွားတာပထမဆုံးဘဲ။သူအကုန်လုံးကိုဝယ်မယ့်ခြင်းတောင်းထဲကိုထည့်ချင်နေတဲ့ပုံဘဲ။

စုန့်ဝမ်ရှီအတွက်ကိုကျတော့သူလျစ်လျူရှုထားတာတွေကိုပြန်ဖြည့်ဆည်းပေးချင်လို့ထင်တယ် ယောက်ျားလေးတွေကြိုက်တဲ့အရုပ်တွေရောကစားစရာတွေရောအများကြီးဝယ်ပေးခဲ့တယ်။

စုန့်ဝမ်ရှီကစားစရာအထုပ်တွေကိုဖွင့်ရလို့ပျော်နေတယ်။သူ့ကိုဘယ်သူ့ကိုမှလာမကူညီခိုင်းဘူး။

တင့်ကား‌၊ကားသေးသေးလေး၊ရထားသေးသေးလေးတွေအကုန်လုံးဘဲ။

စုရန်လဲစုန့်ဝမ်ရှီဘေးမှာထိုင်ပြီးကစားစရာအထုပ်တစ်ထပ်ကြီးကိုကြည့်လိုက်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now