အပိုင်း(၁၃၁)

2.2K 172 1
                                    

စုန့်ထင်ယွီအရှက်မရှိတာကိုစုရန်သိပြီးပြီ။ဒါပေမယ့်သူအခုပြောလိုက်တဲ့စကားကြောင့်သူမမရှက်ဘဲမနေနိုင်ဘူး။ဘာတဲ့ ခဏနေထူးဆန်းတာတွေ့ရင်.....

ဒီစကားက....

သူပြောပြီးတာနဲ့သူမဘေးမှာထိုင်ပြီးသူမပုခုံးကိုလှုပ်ကာ: 'မင်းအိပ်ချင်ယောင်ဆောင်နေချင်သေးလား?'

စုရန်ကတော့သူ့ကိုလျစ်လျူရှုပြီးအိပ်ချင်ယောင်ဘဲဆောင်နေလိုက်တယ်။သူမအိပ်နေပြီလို့သူထင်နေတာကောင်းတယ်။သူမသာသူ့ကိုဂရုမစိုက်လို့ရှိရင်သူလွှတ်ပေးလိမ့်မယ်လို့ထင်နေခဲ့တာ။

'မင်းတကယ်ဘဲအိပ်နေပြီလား?'

စုန့်ထင်ယွီအသံကမယုံတဲ့အသံနဲ့။သူမနှုတ်ခမ်းတွေကိုနမ်းလိုက်ပြီးတိုးတိုးလေးပြောလိုက်တယ်: 'ဒါဆိုရင်ပိုကောင်းတယ်။ကိုယ်လုပ်ချင်တာလုပ်လို့ရပြီ'

စုရန်နှုတ်ခမ်းကိုကိုက်ပြီးစောင်ကိုဆုပ်ကိုင်ထားကာစိတ်ထဲကနေကျိန်ဆဲလိုက်တယ်: 'အရှက်မရှိတဲ့လူ'

သူပြောပြီးတာနဲ့သူမကြယ်သီးတွေကိုတစ်လုံးပြီးတစ်လုံးဖြုတ်နေလိုက်တယ်။အကုန်လုံးလဲဖြုတ်ပြီးသွားရော သူမအထဲမှာဘာမှမဝတ်ထားတာကိုသတိရသွားပြီး အင်္ကျီကိုကိုင်ပြီးထထိုင်လိုက်ရတယ်။

စုန့်ထင်ယွီမျက်ခုံးတွေကိုပင့်ပြီး: 'ဘာဖြစ်လို့လဲ? ဘာလို့ဆက်ပြီးအိပ်ချင်ယောင်မဆောင်နေတာလဲ?'

'ကျွန်မစောစောတုန်းကတကယ်ကိုအိပ်ပျော်နေတာ။ရှင်လုပ်လိုက်လို့နိုးသွားတာ' သူ့ခြေထောက်ကိုသူမကန်လိုက်ပြီး: 'မြန်မြန်အိပ်တော့။ကျွန်မကိုလာမနှောင့်ယှက်နဲ့။ပြီးတော့ကလေးကိုလဲမဟုတ်တာတွေပြောမနေနဲ့'

'ကိုယ်ကဘာမဟုတ်တာပြောနေလို့လဲ?' စုန့်ထင်ယွီမကျေမနပ်နဲ့ပြောလိုက်တယ်: 'ကိုယ်ကကိုယ်ဝန်ဆောင်ချိန်ပညာပေးနေတာ'

ကိုယ်ဝန်ဆောင်ချိန်ပညာပေးတာပေါ့လေ?

'ဒီကမ္ဘာမှာဘယ်အဖေကမမွေးလာသေးတဲ့ကလေးကိုပညာပေးတာတွေ့ဖူးလို့လဲ?'

'ကိုယ်လေ' စုန့်ထင်ယွီသူ့ကိုယ်သူလက်ညှိုးထိုးပြလိုက်ပြီးပြုံးနေတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now