အပိုင်း(၁၄၀)

2.1K 142 10
                                    

သူဟင်းတစ်ခုကိုပြလိုက်ပြီး: 'အဲ့ဒါကဘာလဲ?'

'အဲ့တာကယွီရှောင်ခရမ်းသီး...' ပြီးတော့ ကျန်တဲ့ဟင်းသုံးမျိုးကိုပြလိုက်ပြီး: 'ဒါကကြက်သွန်ဖြူအုပ်ထားတဲ့နံရိုးကြော်၊ခရမ်းချဉ်သီးအမဲသားကြော်နဲ့ငါးပေါင်း'

အရင်တုန်းကစုရန်ကြော်ကျွေးတဲ့ထမင်းကြော်ကိုဘဲစုန့်ထင်ယွီစားဖူးတာ။အခုတော့သူမရဲ့တကယ့်ဟင်းချက်လက်ရာကိုမြည်းခွင့်ရပြီပေါ့။

သူမြန်မြန်ဘဲတူနဲ့ယူပြီးစားကြည့်လိုက်တယ်။သူမော့ကြည့်လိုက်တော့ စုရန်သူ့ကိုစိုက်ပြီးကြည့်နေတာကိုတွေ့သွားတယ်။

သူပြုံးပြီးမျက်ခုံးတွေကိုပင့်လိုက်ကာ: 'ကိုယ်စားဖိုမှူးကိုလက်ထပ်ခဲ့တာထင်တယ်'

သူစကားတွေကအရမ်းကိုမယုံကြည်နိုင်စရာကောင်းပေမယ့်စုရန်ကတော့ပျော်နေမိတယ်။လူတိုင်းကချီကျူးတာကိုကြိုက်ကြတာဘဲ။စုရန်ကလဲသာမန်လူဘဲဆိုတော့ သူမလဲချီးကျူးခံရတာကိုကြိုက်တာပေါ့။

'ဒါဆိုရင်လဲရှင်များများစား'

သူနောက်ဟင်းတစ်မျိုးကိုစားမလို့လုပ်လိုက်တဲ့အချိန်မှာပိုင်ချီ‌ရွေ့ဆီကနေmessageဝင်လာတယ်။

'ထင်ယွီ ခဏနေကျွန်မဖုန်းကိုချလဲမချဘဲမကိုင်ဘဲလဲမနေပါနဲ့။ကျွန်မတကယ်ကိုအရေးတကြီးပြောစရာရှိလို့ပါ'

သူဖုန်းကိုအာရုံစိုက်ပြီးကြည့်နေတာကိုတွေ့တော့သူမလဲမေးလိုက်တယ်: 'ဘာဖြစ်လို့လဲ?'

'ဘာမှမဟုတ်ပါဘူး'

စုန့်ထင်ယွီပြောပြီးတော့ ပိုင်ချီရွေ့ဆီကနေဖုန်းဝင်လာတယ်။သူဖုန်းကိုကြည့်ပြီးတိတ်ဆိတ်သွားတယ်။ပြီးတော့ တူကိုချထားလိုက်ပြီး အပြင်မှာဖုန်းသွားပြောလိုက်တယ်။

'ဘာဖြစ်လို့လဲ?'

'ထင်ယွီ အခုလာပေးလို့ရမလား?ကျွန်မအခုရှင့်အကူအညီအရမ်းကိုလိုအပ်နေလို့...' ပိုင်ချီရွေ့စကားကိုအဆက်မပြတ်ပြောလိုက်တယ်။

'မင်းစိတ်ကိုအေးအေးထားပြီးဖြေးဖြေးချင်းပြော ဘာဖြစ်တာလဲ?'

'အခုတလောကိစ္စတွေအများကြီးဖြစ်သွားတယ်လေ။ရှင်နဲ့စုရန်တို့ချစ်သူများနေ့မှာတူတူရှိနေကြတဲ့သတင်းတက်လာပြီးတော့ ကျွန်မရဲ့ကောလဟာလတွေကအင်တာနက်မှာပြန့်နေပြီး ကုမ္ပဏီကလဲကျွန်မကိုမကျေနပ်တော့ဘူးလေ။အရင်တုန်းကကျွန်မဒါရိုက်တာကျောက်နဲ့ရုပ်ရှင်ရိုက်မလို့လုပ်ထားတာ။သူနဲ့မရိုက်ချင်တဲ့သူကမရှိဘူးလေ။ဒီဇာတ်ရုပ်ကိုရဖို့ကျွန်မအများကြီးကြိုးစားထားရတာ။အခုတော့ဒီသတင်းတွေကြောင့် ကျွန်မရဲ့နေရာကမသေချာတော့ဘူး။ထင်ယွီ ကျွန်မမှာရှင်ကလဲမရှိတော့ဘူး။ကျွန်မရဲ့အလုပ်ကိုတော့ဆုံးရှုံးမခံနိုင်ဘူး။ရှင်ကျွန်မကိုကူညီမယ်လို့ပြောထားတယ်လေ....'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now