အပိုင်း(၁၂၉)

2.1K 162 1
                                    

ရုတ်တရက်သူမ‌သိတဲ့လူကိုတွေ့သွားတယ်။

ကုဒုန့်ချန်နဲ့သူ့သူငယ်ချင်းတွေဘဲ။သူတို့တွေသူမတို့မလာခင်ကတည်းကရှိနေကြတာထင်တယ်။

ကုဒုန့်ချန်လဲသူမတို့ကိုတွေ့သွားပြီး သူတစ်ချက်အံ့ဩသွားတယ်။ပြီးတော့သူ့အရှေ့ကဝိုင်ခွက်ကိုယူပြီးသူမတို့ဆီကိုမြှောက်ပြလိုက်တယ်။

စုရန်လဲရေနွေးခွက်ကိုယူပြီးသူအတိုင်းပြန်နှုတ်ဆက်လိုက်တယ်။

ထျန်မီလဲသူမကြည့်နေတဲ့ဆီကိုလိုက်ကြည့်ပြီးမေးလိုက်တယ်: 'ရန်ရန် အဲ့ဒါဘယ်သူလဲ?'

အဲ့ဒီအချိန်မှာကုဒုန့်ချန်သူမတို့ကိုထူးဆန်းနဲ့အကြည့်တွေနဲ့ကြည့်နေပြီး အပြုံးကလဲအသက်မပါတော့ဘူး။

'အို့' ထျန်မီသူမကိုတစ်ယောက်ယောက်ကစိုက်ကြည့်နေတာကိုသတိထားမိသွားပြီး
သူမလဲပြန်ကြည့်လိုက်တော့ ကုဒုန့်ချန်ကိုရဲ့အေးစက်နေတဲ့မျက်လုံးနဲ့အကြည့်ချင်းဆုံသွားတယ်။

သူမရှက်ပြီးခေါင်းပြန်ငုံ့ထားလိုက်တယ်။

ကုဒုန့်ချန်သူမကိုဘာလို့အဲ့ဒီလိုကြည့်နေမှန်းသူမလဲမသိဘူး။

စုရန်လဲသတိထားမိသွားပြီးမေးလိုက်တယါ: 'နင်မှာဖို့ရွေးပြီးပြီလား?'

ထျန်မီစိတ်တွေလွတ်နေပြီး မီနူးကိုမကြည့်မိဘူး။စုရန်မေးမှဘဲသူမသတိပြန်ဝင်လာတော့ ချောင်းလေးဟန့်လိုက်ပြီး: 'ပြီးပြီ...'

သူမတို့မှာပြီးသွားတော့ ကုဒုန့်ချန်ကိုထျန်မီပြန်ကြည့်လိုက်တယ်။ကုဒုန့်ချန်သူမတို့ဘက်ကိုမကြည့်တော့ဘဲ သူ့သူငယ်ချင်းတွေနဲ့စကားပြောနေတယ်။

ထျန်မီအခုဖြစ်နေတဲ့စိတ်ကိုမပြောပြတတ်ဘူး။

သူမကိုယ်သူမရယ်ရတယ်လို့ခံစားနေရတယ်။သူနဲ့အခုမှပထမဆုံးတွေ့ဖူးတာကိုဒီလိုမျိုးခံစားနေရတယ်လို့။

ဟင်းတွေလဲလာရောထျန်မီခေါင်းငုံ့ပြီးတစ်ခုခုကိုစဉ်းစားနေတယ်။စုရန်ခက်ရင်းနဲ့ဓါးကိုပြန်ချထားလိုက်ပြီးသူမအရှေ့မှာလက်ကိုယမ်းပြလိုက်ကာ: 'ထျန်မီ ဘာဖြစ်လို့လဲ?နင်ဗိုက်ဆာနေတယ်လို့မပြောခဲ့ဘူးလား?ဘာလို့မစားတာလဲ?နေမကောင်းလို့လား?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးHikayelerin yaşadığı yer. Şimdi keşfedin