အပိုင်း(၆၀)

4.6K 301 24
                                    

'အလျင်မလိုပါနဲ့ဦး' မဒမ်စုန့်ပြုံးပြီးစုန့်ထင်ယွီကိုလက်ညှိုးထိုးပြလိုက်ကာ: 'ထင်ယွီကိုစောင့်လိုက်ပါဦး။သူလဲဆေးရုံကိုသွားမယ်လို့ပြောနေတာ။သူနဲ့အတူတူသွားလိုက်လေ'

'သူဘာသာအေးဆေးစားပါစေ။သမီးကိုယ့်ဘာသာကားမောင်းပြီးသွားလို့ရပါတယ်'

သူမပြောနေတုန်းစုန့်ထင်ယွီ သူမကိုကြည့်လိုက်ပြီး: 'ဒီမှာထိုင်ပြီး ငါ့ကိုစောင့်ဦး'

စုရန်အံ့ဩသွားပေမယ့် ငြင်းတော့မငြင်းလိုက်ဘူး။သူနဲ့မျက်နှာချင်းဆိုင်မှာသူမဝင်ထိုင်လိုက်တယ်။

မဒမ်စုန့်မနက်စာစားနေပေမယ့်လဲ သူမမျက်လုံးတွေကသူတို့နှစ်ယောက်ကိုကြည့်ပြီး ပြုံးနေတယ်။

စုန့်ဝမ်ရှီ‌ကိုတွေ့ဖို့ဆေးရုံကိုအမြန်သွားချင်လို့လား စုရန်ကိုမစောင့်ခိုင်းချင်လို့လားမသိဘူး စုန့်ထင်ယွီမနက်စာကိုအမြန်စားလိုက်တယ်။

သူပါးစပ်သုတ်လိုက်ပြီး ကားသော့ကိုယူလိုက်တယ်။ပြီးတော့မတ်တပ်ရပ်လိုက်ပြီး: 'သွားရအောင်'

စုရန်လဲအပူခံထမင်းဘူးကိုယူပြီး သူ့အနောက်ကနေလိုက်သွားလိုက်ကာ: 'အဖွား သမီးတို့သွားလိုက်ဦးမယ်'

'သွား သွား'

မဒမ်စုန့်ဒီနေ့စိတ်အခြေအနေကောင်းနေပြီး သူမမျက်လုံးတွေကပြုံးယောင်သန်းနေတယ်။

ဆေးရုံကိုသွားတဲ့လမ်းမှာ သူတို့ဘာမှမပြောကြတော့ကားထဲမှာတိတ်ဆိတ်နေတယ်။စုန့်ထင်ယွီကဘဲစပြောလိုက်တယ်: 'မင်းဘာလို့အစောကြီးထတာလဲ?'

'ကျွန်မ ဝမ်ရှီအတွက်မနက်စာချက်ချင်လို့' သူဘာရည်ရွယ်ချက်နဲ့မေးတာလဲသူမမသိပေမယ့် သူမရိုးရိုးသားသားဘဲဖြေလိုက်တယ်။

'မင်းထနိုင်ဖို့တော်တော်လေးခက်ခဲမှာဘဲ'

စုန့်ထင်ယွီသွယ်ဝိုက်ပြီးပြောလိုက်တယ်။အဲ့ဒီအချိန်မှာ ကားကလဲမီးပွိုင့်မိသွားတယ်။သူ့လက်တွေကသူမအင်္ကျီကိုဆွဲချလိုက်တယ်။သူမရဲ့နှင်းလိုအသားအရည်မှာအမှတ်တွေရှိ‌နေတာကိုသူတွေ့သွားတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWaar verhalen tot leven komen. Ontdek het nu