အပိုင်း(၁၆၃)

2.2K 172 10
                                    

စုရန်ခေါင်းညိတ်ပြပြီးပြန်စဉ်းစားလိုက်တယ်။ချန်ကျင်ပြောခဲ့တာကစုန့်ထင်ယွီကိုသူဒီအရွယ်ထိရောက်အောင်ပြုစုစောင့်ရှောက်လာခဲ့တယ်ဆိုဘဲ။မဒမ်စုန့်လဲဒေါသထွက်သွားပြီးချန်ကျင်ကိုပါးစပ်ပိတ်ဖို့ပြောပြီးတာနဲ့ချက်ချင်းစုန့်ထင်ယွီကိုလှမ်းကြည့်ခဲ့တာ။

မဒမ်စုန့်တစ်ခုခုကိုကြောက်နေတဲ့ပုံဘဲ။စုန့်ထင်ယွီကိုလဲတစ်ခုခုဖုံးကွယ်ထားတဲ့ပုံဘဲ။

'စောစောတုန်းကလဲအဖွားနဲ့အဖေတို့သေသွားတဲ့မိန်းမအကြောင်းကိုပြောနေကြတယ်...' စုန့်ထင်ယွီအသံတိုးတိုးလေးနဲ့ပြောလိုက်တယ်။

စုရန်သူပြောတာကိုပြန်စဉ်းစားကြည့်တော့မှချန်ကျင်နဲ့စုန့်မင်ဟွမ်တို့ထမင်းစားပွဲမှာရန်ဖြစ်တုန်းကချန်ကျင်သေသွားတဲ့မိန်းမအကြောင်းကိုပြောခဲ့‌သေးတယ်။စုန့်မင်ဟွမ်နှလုံးသားထဲမှာသေသွားတဲ့မိန်းမကဘဲနေရာယူထားတာလို့ပြောခဲ့သေးတယ်။

ချန်ကျင်ကသူ့အမေမဟုတ်ဘဲအဲ့ဒီမိန်းမကစုန့်ထင်ယွီရဲ့အမေအရင်းများလား?

သူမစုန့်ထင်ယွီကိုကြည့်လိုက်တော့သူကမျက်လုံးတွေကိုမှိတ်ပြီးတစ်ခုခုကိုစဉ်းစားနေတဲ့ပုံဘဲ။

'ဒီကိစ္စကိုကိုယ်တစ်ယောက်ကိုစုံစမ်းခိုင်းလိုက်မယ်'

ပိုင်ချီရွေ့ကိုဆက်ဆံတဲ့ချန်ကျင်ရဲ့အပြုအမူတွေကပုံမှန်မဟုတ်ဘူးဆိုတာကိုသူခံစားမိတယ်။ဒါပေမယ့်ဘယ်လောက်ဘဲပုံမှန်မဟုတ်ပါစေ ဘယ်သားကသူ့အမေကအမေအရင်းမဟုတ်ဘူးဆိုတာကိုသံသယဖြစ်မိမှာလဲ?

သူအဲ့လိုတစ်ခါမှမတွေးခဲ့ဖူးဘူး။

မဒမ်စုန့်နဲ့စုန့်မင်ဟွမ်တို့ပြောနေတာကိုမကြားခဲ့ခင်အထိဘဲ။

ဒါတွေအားလုံးကိုသူဆက်စပ်ပြီးတွေးလိုက်တာ။

'ကောင်းပြီလေ' စုရန်ပြန်ဖြေလိုက်တယ်။

စုန့်ထင်ယွီရဲ့သရုပ်မှန်ကဘာလဲဆိုတာကိုစုံစမ်းကြည့်ရမှာပေါ့။

'ရှင့်အဖေနဲအဖွားကိုသူကအမေရင်းဟုတ်မဟုတ်မေးကြည့်ပါလား။ရှင်လဲအရွယ်ရောက်နေပြီဆိုတော့သိခွင့်ရှိပြီလေ'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now