အပိုင်း(၄-၁)

5.7K 431 2
                                    

အိမ်ထိန်းကိုညွှန်ကြားပြီးတော့ ဝမ်ရှီ့ကိုမဒမ်စုန့်နွေးထွေးတဲ့မျက်နှာလေးနဲ့ကြည့်ပြီးစိတ်ရှည်ရှည်နဲ့ပြောလိုက်တယ်: 'သားအဖေလဲပြန်လာပြီ။သားကလဲကြီးလာပြီဆိုတော့ကိုယ့်အခန်းနဲ့ကိုယ်နေဖို့လိုနေပြီလေ'

ဝမ်ရှီ့ကိုသူ့အခန်းသစ်ကိုလိုက်ပို့ပေးဖို့မဒမ်စုန့်နာနီပြောပြီးစုရန်နဲ့စုန့်ထင်ယွီတို့နှစ်ယောက်ကိုကြည့်ကာ: 'နှစ်ယောက်လုံးက်ိုပြောစရာရှိလို့ထိုင်ကြဦး'

မဒမ်စုန့်ဘာပြောချင်နေလဲဆိုတာကိုစုရန် သိတယ်။အိမ်အကူတွေလဲအကုန်လုံးသိလို့အခန်းကနေမြန်မြန်ထွက်သွားကြတယ်။အခုအခန်းထဲမှာမဒမ်စုန့်၊ စုန့်ထင်ယွီ၊စုရန်၊ချန်ကျင်နဲ့စုန့်ထင်ယွီရဲ့အဖေစုန့်မင်ဟွမ်တို့ငါးယောက်ဘဲကျန်တော့တယ်: 'ဝမ်ရှီ့ရောဂါကအချိန်သိပ်မရဘူး။ရန်ရန်နဲ့ထင်ယွီမြန်မြန်ကလေးရအောင်လုပ်ပြီးကလေးမွေးမှဝမ်ရှီ့ကိုကယ်နိုင်မှာ။'

စုရန်ခေါင်းလေးငုံထားပြီးဘာမှမပြောပေမယ့်သူမသိနေတယ်ဒီနည်းလမ်းကလွဲပြီးတခြားလုပ်စရာမရှိတာကို။ဝမ်ရှီကသူမဘဝမှာအရေးကြီးဆုံးဖြစ်လို့သူအသက်ရှင်ရအောင်သူမဘာဘဲလုပ်ရလုပ်ရလုပ်ပေးမှာ။

စုန့်ထင်ယွီဘာမှမပြောတော့စုန့်မင်ဟွမ်ကပြောလိုက်တယ်: 'ထင်ယွီ အဖွားပြောတာကြားလား'

စုန့်ထင်ယွီဆိုဖာ‌အနောက်ကိုမှီလိုက်ပြီးလူကြီးတွေကိုကြည့်လိုက်ကာ: 'ဒုတိယကလေးယူဖို့ကိုဘယ်လိုလုပ်ပြီးပြောထွက်ရတာလဲ'

စုန့်ထင်ယွီပြောချင်တဲ့အဓိပ္ပါယ်ကိုစုရန်နားလည်တယ်။ဝမ်ရှီ့ကိုလဲသူလိုချင်ခဲ့တာမဟုတ်ဘူး။အခုဒုတိယကလေးဆိုပိုတောင်ဆိုးသေးတယ်။သူမတို့‌တွေကကံတရားကြောင့်သာဆုံစည်းခဲ့ရပေမယ့်စုန့်ထင်ယွီရဲ့နှလုံးသားကတော့ဘယ်တော့မှသူမတို့နဲ့ရှိနေမှာမဟုတ်ဘူး။

မဒမ်စုန့်လဲမျက်မှာပျက်သွားပြီးပြောလိုက်တယ်: 'ဒုတိယကလေးကလဲငါတို့စုန့်မိသားစုဝင်ဘဲ မင်းကဘယ်လိုလုပ်ချင်လို့လဲ?'

မဒမ်စုန့်သူ့စကားကိုသဘောမပေါက်တော့စုန့်ထင်ယွီအခန်းထဲကထွက်လာလိုက်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now