အပိုင်း(၁၆၈)

1.6K 148 0
                                    

'သူ့ကိုချက်ချင်းသေခိုင်းလိုက်။သေလိုက်လို့ပြောလိုက်'

ထျန်မီရဲ့စိတ်နဲ့ဆိုရင်သူစိတ်ငြိမ်ဖို့ကမလွယ်ဘူး။စုရန်ဘဲသူ့အစားဖုန်းကိုင်လိုက်ပြီး: 'အကိုဒုန့်ချန် စုရန်ပါ'

'အော် ရန်ရန် ထျန်မီဘေးမှာရှိလား?'

'ရှိတယ်။ဒါပေမယ့်သူ့စိတ်အခြေအနေတော့မကောင်းဘူး...'

'ဒါဆိုရင်ကိုယ့်အစားသူ့ကိုစောင့်ရှောက်ပေးပါဦး' ကုဒုန့်ချန်အသံတိုးတိုးလေးနဲ့ထပ်ပြောလိုက်တယ်: 'သူ့ကိုအကြာကြီးပေးမငိုနဲ့ဦး..'

ကုဒုန့်ချန်စကားဆုံးအောင်မပြောရသေးခင်မှာဘဲထျန်မီဖုန်းကိုယူပြီးချလိုက်တယ်။

'သူနဲ့ပြောလို့ဘာထူးမှာလဲ?' ထျန်မီဖုန်းကိုဆိုဖာပေါ်ကိုပစ်တင်လိုက်ကာဒေါသတကြီးပြောလိုက်တယ်။

စုရန်ကူရာကယ်ရာမဲ့စွာနဲ့ပြောလိုက်တယ်: 'နင်သူ့ကိုရှင်းပြဖို့အခွင့်အရေးလေးတော့ပေးသင့်တာပေါ့'

'မလိုတော့ဘူး။ငါ့မျက်စိနဲ့တပ်အပ်တွေ့ခဲ့ပြီးပြီ။ငါ့သူ့က်ိုမေးတုန်းကတော့ဘာမှမဖြစ်သလိုနဲ့ ဓါတ်ပုံတစ်ပုံဘဲဆိုပြီးပြောခဲ့တာ။သူနဲ့ငါဘာလို့ရုပ်တူနေရတာလဲလို့မေးတော့တိုက်ဆိုင်တာတဲ့..' ထျန်မီမျက်ရည်တွေကိုသုတ်လိုက်ပြီး: 'အဲ့ဒီတုန်းကသူကိုရှင်းပြဖို့ကိုအခွင့်အရေးပေးခဲ့ပြီးပြီ။ဒါပေမယ့်သူဘာမှမပြောခဲ့ဘူးလေ။အခုမှဘာလို့ဖုန်းလာဆက်နေတာလဲ?'

ထျန်မီစိတ်အခြေအနေကတည်ငြိမ်မလာသေးတော့စုရန်လဲလျှောက်မတွေးချင်တော့တာနဲ့: 'ဟုတ်ပါပြီ။ဟုတ်ပါပြီ။ဆက်မငိုနဲ့တော့နော်။ဒါပြီးရင်နင်သွားအိပ်တော့နော်။ငါဒီညနင့်ကိုအဖော်ပြုပေးမယ်'

'ငါမအိပ်ချင်သေးဘူး' ထျန်မီဆိုဖာပေါ်မှာအိပ်လိုက်ပြီးမျက်နှာကျက်ကိုကြည့်လိုက်တယ်။

စုရန်သက်ပြင်းချပြီးသူမလက်ကိုကိုင်လိုက်ကာ: 'ငါစုန့်ထင်ယွီကိုသူ့နဲ့စကား‌ပြောခိုင်းထားတယ်။နင်အများကြီးမတွေးဘဲနဲ့ဒီနေ့တော့အိပ်လိုက်တော့နော်'

'မဟုတ်ဘူး။ငါသူ့ကိုဂရုမစိုက်တေ့ာဘူး။သူပြောတာကိုလဲဂရုမစိုက်တော့ဘူး'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now