"ဟဲ့ သာယာအေး ဘာ ကြောင်ကြည့်နေတာလဲ သွား မယ်... နောက်ကျ နေပြီ... "

ဝါးစင်မှာ ထိုင်နေသည့် ဒေါ်ခင်အေးမှ ထလာကာ..တံခါးဝ မှာ ကြောင်ရပ်နေသည့် သားဖြစ်သူရဲ့ လက် မောင်း ကို ရိုက်ကာ ပြော သည်မို့ သာယာအေး အသိဝင် သွားသည်။

"ဟုတ် သွား မယ်... သွားသွား အမေ ရှေ့က သွား.."

ဒေါ်ခင်အေးမှ အရှေ့က စထွက်သွားသည်။
ဒေါ်ခင်အေးရဲ့ နောက် ခြေလှမ်း ၅ လှမ်း အကွာတွင် မင်းရေစက်ထင် နဲ့သာယာအေး မှာ ဘေးချင်းယှဉ်လျှောက်လာ လိုက်လာသည်။

သာယာအေးမှာ လမ်းလျှောက်ရင်း မင်းရေစက်ထင်ရဲ့ ခြေထောက် က်ိုပဲ ကြည့် နေသည်။ ဒါကို မင်းရေစက်ထင် က သတိ ထား မိကာ.. မလုံမလဲ ဖြစ်ကာ မေး လိုက်သည်။

"သာယာ...မောင့် ခြေထောက်မှာ ဘာ ပေ နေ လို့ လဲ.. "

"ဘဘောကျ လို့... မောင်... အဲ့လေ.. ခများ ကတ္တီပါ ဖိနပ်လေး နဲ့ လိုက်တယ်... "

သာယာအေးရဲ့ မတုံ့မဆိုင်း ဖြေ လိုက်တဲ့ အဖြေကြောင့် မင်းရေစက်ထင် သဘောကျကာ ရယ် လိုက်သည်။

"ဟားဟား..သာယာရယ်... မောင့်မှာ ဘာများလဲ လို့... ဒါနဲ့ သာယာ...ပါးစပ်က မောင် လို့ ယောင်ပြီး ထွက်လိုက်တယ်မလား... "

"မထွက်ပါဘူး ဘယ်တုန်းကလဲ ခများ..မဟုတ်တာမပြောနဲ့... "

"မောင် နား နဲ့ ဆက်ဆက် ကြားလိုက်တာပါ...
မောင် များ နားကြား လွဲ သလား..."

"ဟုတ်မှာပေါ့ ဘယ်သိမလဲ.. "

သာယာအေးမှ နှုတ်ခမ်းလေးဆူကာ.. မသိချင်ယောင်ဆောင်ပြီး တဘက်ကို လှည့်ကာ လမ်းဆက်လျှောက်သည်။

ဘုန်းကြီးကျောင်း ကို ရောက်တော့... ဘုန်းကြီးကျောင်းဝိုင်း အတွင်း လူအများ ရှုပ်ယှက်ခက်နေသည်။
မန်းကျည်းပင် အကြီးကြီး ထက်က ဂေါ်လံဝင်း
ခေါ်.. လော် (ဟိုလော် မဟုတ်ဘူးနော် ဟဲ့) အကြီးကြီး ဆီကနေ ရွာဆော် ဉီးဘဆန်း ရဲ့ မိုက်နှင့်အော်သံ သည် ...တစ်ရွာလုံး လွှမ်းလေတော့သည်။

"ဟလို... ဟလို...စက်ဆရာရေ မိုက်သံ နဲနဲ တင်ပါအုန်းဟ... ဟလို... တဆီ..ဟလို..အေး ရပြီရပြီ..
အဟမ်း... ကျေးရွာ အတွင်း ရှိ အမျိုးသား၊ အမျိုးသမီး များ ရှင်လောင်း လှည့် ဖို့ အချိန် နရီ ကျ လာပါ ပြီ ခများ... အလှူ့ဒကာ ၊ အလှူ့အမ နဲ့ သပိတ်လွယ်မဲ့ ရှင်လောင်းရဲ့ မိဘတွေလည်း စုံလင်နေပါပြီ ..အဲ့တာကြောင့် မို့ သိမ် ထဲ သို့ မြန်ဆုံး ကြွရောက်ကြပါရန်.. ကျုပ် ရွာဆော်ကြီးမှ နှိုးဆော်ပါတယ်... ခများ.. "

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now