Extra 2

6.4K 940 147
                                    

Unicode

ကျွန်တော့်နာမည်က ရှယန်ပါ။အိမ်ခေါ်နာမည်ကတော့ ချီချီလို့အမည်ရတဲ့ ယောက်ျား‌လေးတစ်ယောက်ပါဗျ...ယောက်ျားလေးလို့ ဘာလို့ထည့်ပြောရတာလည်းဆိုရင် ကျွန်တော့်အိမ်ခေါ်နာမည်က အရမ်းမိန်းမဆန်လို့ပါဗျာ...

ကျွန်တော်က ဆဲလ်လေးတစ်ခုအဖြစ် တည်ရှိနေတုန်းက ကျွန်တော်ရဲ့တည်ရှိမှုကို ပထမဆုံးသိခဲ့တာ ကျွန်တော့်အမေလည်းမဟုတ်သလို ... အဖေလည်းမဟုတ်ခဲ့ဘူး။ကိုယ်ဝန်စစ်တဲ့stickလည်း မဟုတ်ခဲ့သလို ... ဆရာဝန်လည်း မဟုတ်ခဲ့ပဲ ကျွန်တော့်အဘွားဖြစ်နေခဲ့တယ်ဗျ။ဘာလို့လည်းဆိုတော့ တစ်ညမှာ အနီရောင်သိပ်တဲ့ အခင်းထဲမှာ ကျွန်တော့်ကို အဘွားက အိမ်မက်မက်ခဲ့တယ်တဲ့။ကျွန်‌တော်က သူရဲ့အိမ်မက်ထဲက ကလေးနဲ့ တစ်ထပ်တည်းတူတယ်လို့ အဘွားကပြောလေ့ရှိပေမယ့် သူ့အိမ်မှာ နတ်ဘုရားမ Avalokiteshvara‌ရုပ်ထုရှိလို့သူ့‌ဘေးက Golden Boyကို အိမ်မက်မက်တာလို့ ကျွန်တော်ကတော့ လုံးဝသံသယဖြစ်မိတယ်။

သေချာပေါက် ကျွန်တော်က အခြားGoldn Boyတွေထက်  ပိုချစ်စရာကောင်းတယ်လို့ တွေးမိတာ‌ပေါ့။အဲ့တာတွေထက် ကျွန်တော့်ရဲ့အဝတ်တွေအားလုံးက အခြားအနီရောင်အခင်း‌တွေထက်လည်း ပိုကောင်းတာပေါ့ဗျာ...

ကျွန်တော့်အမေက TVအစီအစဉ်တင်ဆက်သူတစ်ယောက်လေ...ကျွန်တော့် သူ့ကို TVမှာ မကြာခဏမြင်တွေ့ရပေမယ့် TVထဲကအမေက အိမ်ကအမေနဲ့မတူဘူးလို့ ကျွန်တော်ကတော့ အမြဲတမ်းခံစားရတယ်။ဘာလို့လည်းဆိုတော့ TVထဲကအမေက အရမ်းစမတ်ကျပေမယ့် တစ်ကယ့်ဘဝမှာတော့ အမေက ပန်းသီးတစ်လုံး ဘယ်လောက်ကျလည်းဆိုတာတောင် မသိပါဘူး။

ကျွန်တော့်အဖေကတော့ အလုပ်အရမ်းရှုပ်တဲ့ လူတစ်‌ယောက်ဆိုတော့ မကြာခဏဆိုသလို ကျွန်တော် အိပ်ယာထဲဝင်မှပဲ အိမ်ပြန်လာတယ်လေ...သူရဲ့အင်္ကျီ‌တွေမှာဆိုရင် အရမ်းဆိုးဝါးတဲ့ပိုးသတ်ဆေးနံ့တွေ စွဲနေတာပဲ...

ဒါပေမယ့် အဖေက အိမ်ပြန်လာတဲ့အချိန်တိုင်း ကျွန်တော့်အခန်းထဲကို ဝင်လာပြီးတော့ ကျွန်တော့်ကိုတွေ့ဖို့ ဘယ်တော့မှ မပျက်ကွက်ခဲ့ပါဘူး။

မှန်လားတော့ ကျွန်တော်မသိပေမယ့် ကျွန်တော်က အဘွားရဲ့အိမ်မက်ထဲက ရွှေရောင်အလင်းတန်းကနေမွေးလာခဲ့တာလို့ အဘွားကပြောတယ်။ပြီးတော့ ကျွန်တော်က စွမ်းရည်ရှိတဲ့ကလေးဖြစ်လို့ ပစ္စည်းတွေကို အခြားလူတွေထက် နည်းနည်းစောပြီး မှတ်မိနိုင်တာလို့လည်း ပြောတယ်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now