Chapter 24

6.5K 971 21
                                    

Unicode

လူနာတစ်ဦးအခန်းထဲမှ ထွက်သွားသောအခါ ရှောက်ရိဖန်တစ်‌ယောက် သူနာပြုအား နောက်ထပ်လူနာ ရှိ၊မရှိ မေးမြန်း‌နေစဉ် ရင်းနှီးနေသည့်ပုံရိပ်တစ်ခုက သူ၏အခန်းရှေ့မှဖြတ်သွား‌လေသည်။

" ရှဖန်! "

" ဘာကိစ္စရှိလို့လည်း? "

" ဆေးတက္ကသိုလ်က အလုပ်သင်လေးတွေ ‌ရောက်လာတော့ သူတို့တွေအတွက် ညွှန်ကြားမှု နည်းနည်း‌လောက်လိုအပ်မယ်လို့ထင်တယ် "၎င်းတို့နှင့်အနည်းငယ်အကွာ၌ အလုပ်ရှုပ်‌နေကြသည့် အလုပ်သင်များကို ညွှန်ပြရင်း ရှောက်ရိဖန်ပြောလာသည်။

" ငါတို့ဘွဲ့ယူပြီးခါစတုန်းကဆိုရင် အဲ့လိုလုပ်ပေးမယ့်သူ ဘယ်သူမှမရှိဘူး "

" အဲ့တာက ဘာလို့လည်းဆိုရင် ငါတို့ကပိုပြီးတော့ ဉာဏ်ကောင်းလို့ဖြစ်မယ်ထင်တယ်?ငါမှတ်မိသေးတယ်...မင်းက ဘွဲ့တောင်မရသေးဘဲ ‌ဆေးရုံမှာ နည်းပြ‌နောက်ကို လိုက်နေရပြီ။မင်း ဘွဲ့လည်းရပြီးရော...အလုပ်သင်ဆင်းစရာတောင်မလိုဘဲ သူတို့က မင်းကို တိုက်ရိုက်အလုပ်ဆင်းခိုင်းကြရောလေ "

" ငါကတော့ မင်းနဲ့ ညီအစ်ကိုကောင်းတစ်ယောက်ဖြစ်ပေမယ့် နှစ်လလောက်နေမှ ကျင့်သားရလာတယ်။ဒီအလုပ်သင်တွေနဲ့ နှိုင်းယှဉ်ကြည့်ရရင်တော့ သူတို့ကို နှစ်ဝက်လောက်ကြာပြီးမှ သုံးလို့ရလိမ့်မယ်ထင်တာပဲ "

" ဘာလို့ ရုတ်တရက်ကြီး အလုပ်သင်တွေကိုကြည့်ပြီး တွက်ချက်နေရတာလည်း? "

" အခုတလော ရုတ်တရက် အလုပ်ပါးလာ‌တော့ စိတ်ပြေ‌လက်ပျောက်ဖြစ်အောင်လို့လေ ... အလုပ်ပြီးရင် ငါတို့ သွားသောက်ကြမလား? "

" မသောက်နိုင်ဘူး "ရှဖန် ခေါင်းခါရမ်းပြလိုက်သည်။" အလုပ်ပြီးရင် ဓာတ်ခွဲခန်းကို သွားရဦးမှာ "

" နောက်ထပ်နည်းလမ်း စဉ်းစားပြီးပြီလား? "

"မဟုတ်ပါဘူးကွာ။စိတ်ကူးအသစ်‌တွေရဖို့အတွက် အထောက်အကူဖြစ်အောင် စမ်းသပ်ချက်နည်းနည်းလောက် လုပ်ကြည့်မလားလို့ "

" အေးပေါ့ကွာ...ဒါနဲ့ မင်း ဒီတစ်ကြိမ်တော့ မြန်မြန်စိတ်အားတက်လွယ်သားပဲ "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now