Chapter 48

5.6K 940 40
                                    

Unicode

ရန်ရှင်းရှင်းကလေးမွေးလိုက်သည့်အခါ မာမားရန်သည် သူမသမီးဖြစ်သူ၏ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် ရုတ်တရက် ဂရုစိုက်လာသည်။နေ့တိုင်း ဆေးရုံ၌ သူမကိုမြင်ရပြီး သမီးဖြစ်သူနှင့်မြေးဖြစ်သူဆီသို့ ရောက်လာလေ့ရှိသည်။

ရန်ရှင်းရှင်း၏ တုံ့ပြန်မှုကို ယွီသုံမြင်နိုင်သည်။မိခင်ဖြစ်သူ ပြောင်းလဲလာမှုအပေါ်၌ ရှင်းရှင်းသည် အလွန်ပျော်ရွှင်နေပြီး သူမ၏မျက်နှာတွင် အပြုံးများ ပိုမိုဖြစ်ထွန်းလာသည်။လုရှန် အနားတစ်ဝိုက်တွင် ယောင်လည်လည်လာလုပ်လျှင်တောင်မှ ယခင်ကကဲ့သို့ သူမ၏မျက်နှာသည် ညိုမည်းမသွားတော့ပေ။

သို့သော် ရှန်းရှောင်ယွဲ့သည် ဘေးမှစောင့်ကြည့်‌နေပြီး အခြေအနေကို ယွီသုံနှင့်အတူ သိုသို ခွဲခြမ်းစိတ်ဖြာနေလေသည်။မာမားရန်သည် ရုတ်တရက် ပြောင်းလဲသွားပြီး ဆေးရုံသို့ နေ့စဉ်ရောက်ရှိလာမှုကို သုမ မယုံကြည်ပေ။

ယွီသုံသည်လည်း နောက်ထပ်အရှုပ်အရှင်းများရှိလာပါက ရှင်းရှင်း၏ကျန်းမာရေးကို စိုးရိမ်သဖြင့် အချိန်ယူ၍ တစ်နေ့တစ်ခါ ရှင်းရှင်းဆီသို့ ရောက်လာသည့်အပြင် မကြာခဏ ရှဖန်နှင့်အတူ နေ့လည်စာ စားဖြစ်နေလေသည်။

တစ်ရက်၌ ရှင်းရှင်းအခန်းရှိသည့် လူနာဆောင်သို့ ယွီသုံဝင်လာစဉ် မာမားရန်သည် မွေးကင်းစကလေးများရှိသည့်ဌာန၌ လမ်းလျှောက်နေသည်ကို သူမမြင်လိုက်ရသည်။

ထိုအကြောင်းကို တွေးမိသည့်အခါ သူမ၏ဦးတည်ချက်ကိုပြောင်း၍ မာမားရန်နောက်မှ လိုက်လာခဲ့သည်။

မာမားရန်သည် မြေးဖြစ်သူ၏အခန်းထဲထိ လျှောက်သွားပြီး ကုတင်အနီး၌ရပ်ကာ ကလေးကို စမြှုရင်း သူနာပြုနှင့်စကားပြောနေလေသည်။သူက ကလေးတော့ ချစ်ပုံရတယ်...

ထိုသို့ သဟဇာတဖြစ်သည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ မာမားရန်တွင်လည်း နှလုံးသားရှိပါလားဟု ယွီသုံ ရုတ်တရက် ခံစားမိလိုက်သည်။

" သူနာပြုအမ.. "မာမားရန်နှင့် စကားပြောနေသည့် သူနာပြုသည် အခန်းအပြင်သို့ ထွက်လာသည်ကို သူမမြင်သောအခါ ပြုံးရယ်၍ သူမကို တားလိုက်သည်။" ကုတင်နံပါတ်၁၂က ကလေးက ဘယ်လိုနေလည်း? "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now