Chapter 39

6.3K 945 38
                                    

Unicode

လမ်းမီးရောင်များသည် အနီရောင်မီးပုံးများဖြင့် စတင်ဖုံးလွှမ်းလာပြီး ဈေးဝယ်စင်တာများအားလုံးသည်လည်း အနီရောင်ပစ္စည်းများအားလုံးကို စတင်ခင်းကျင်းပြသထားကြသည်။

သူမတို့၏တရုတ်ရိုးရာနှစ်သစ်ကူးသည် အလွန်နီးကပ်လာပြီဖြစ်‌‌ကြောင်း ယွီသုံတွေးမိလိုက်သည်။ထို့ပြင် နှင်းကျသည့်ဒဏ်မှ ကာကွယ်ရန် အိမ်များတွင် မီးပုံးများဖြင့် အလှဆင်ထားကြသည်။

" ဒါတွေပဲ တကယ်ယူမှာလား? "သူတို့၏ဈေးဝယ်ခြင်းတောင်းကိုကြည့်ကာ ထိတ်လန့်သွားပြီး ရှဖန်မေးလိုက်သည်။

ယောက္ခမများဆီသို့ သွား‌ရောက်လည်ပတ်ရန်အတွက် နှစ်သစ်ကူးလက်ဆောင်ဝယ်ယူရန် ရှဖန်သည် ယွီသုံအား အနီးရှိ ဈေးဝယ်စင်တာသို့ ဆွဲ၍‌ခေါ်ဆောင်သွားခဲ့သည်။

" စိတ်ချလက်ချနေစမ်းပါ...ကျွန်မအဖေရဲ့ တစ်ခုတည်းသောဝါသနာက ဆေးလိပ်သောက်တာနဲ့အရက်သောက်တာပဲ "

ယွီသုံ ထိုသို့ပြောပြီးသည့်နောက် ရှဖန်သည် ပစ္စည်းများကို ညွှန်ပြရင်းဖြင့် ပြင်းပြင်းထန်ထန် သတိပေးလေသည်။" မင်း သူ့ဆီကနေ သင်ယူလို့မရဘူးနော် "

ထို့နောက် ရှဖန်သည် ဈေးဝယ်ခြင်းကိုကြည့်ကာ ပြောဆိုလေသည်။" ဒီပစ္စည်းတွေက ဈေးအရမ်းချိုနေတုန်းပဲ။Maotai ၂ပုလင်းလောက်ရော ကိုယ်တို့ ယူသင့်တယ် "ရှဖန်သည် ယွီသုံရွေးချယ်ထားသည့် ဝိုင်ပုလင်းများ၏ဈေးနှုန်းအပေါ်၌ စိတ်ကျေနပ်မှုမရှိသေး‌ပေ။

" မဟုတ်ဘူး...ကျွန်မတို့၁ပုလင်းပဲ ဝယ်ရမယ်။မဟုတ်ရင် သူက အခြားတစ်ပုလင်းကို သိမ်းထားနေလိမ့်မယ်။တစ်ခါတုန်းကလည်း အဖေက အမေနဲ့အတူ စင်တာတစ်ခုကိုသွားရင်းနဲ့ ‌ဒီလိုမျိုးစီးကရက်တွေကို တိတ်တိတ်လေးဝယ်လာခဲ့သေးတယ် "ဖခင်ဖြစ်သူ၏ သဘောသဘာဝကို ယွီသုံသိလေသည်။

" ခဏ...ဒါဆိုရင် မင်းအဖေက အသစ်ဝယ်လာတဲ့ အထုပ်တွေနဲ့ တိတ်တိတ်လေး လဲထားမှာကို တားဆီးဖို့အတွက် နိုင်ငံခြားကတင်သွင်းတဲ့ ဒီစီးကရက်နဲ့အရက်တွေကို ဝယ်တာလား? "

" တော်တယ်! "ယွီသုံ ချီးကျုးလိုက်သည်။

" အန်တီ့အတွက်က‌ရော ဘယ်လိုလည်း?သူ့အတွက် ဗီတာမင် နည်းနည်းလောက် ထပ်မဝယ်တော့ဘူးလား? "ဈေးဝယ်ခြင်းထဲမှ ပုလင်းအနည်းငယ်ကို ညွှန်ပြရင်း ရှဖန်မေးလိုက်သည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon