Chapter 22

6.4K 1K 64
                                    

Unicode

လွန်ခဲ့သည့်၁၀နှစ်က လေညစ်ညမ်းမှုမှာ အရမ်းမပြင်းထန်သေးသည့်အပြင် ၂၀၁၇ခုနှစ်နှင့် နှိုင်းယှဉ်ပါက ရာသီဥတုလည်း မပူနွေးလာ‌သေးပေ။ခရစ္စမတ်အကြိုကာလဖြစ်သောကြောင့် ရှန်ဟိုင်းတွင် နှင်းအနည်းငယ် စတင်ကျဆင်းနေပြီဖြစ်သည်။

ယ‌နေ့၌ ယွီသုံတစ်ယောက် ပန်းရောင်စကတ်၊သားမွေးဂျက်ကတ်အင်္ကျီနှင့်ဘွတ်ဖိနပ်အမြင့်တို့ကို တွဲဖက်ဝတ်ဆင်ထားသည်။အထူးသဖြင့် ကြီးမားသည့်မျက်လုံးအိမ်နှင့် ပန်းနုရောင်နှုတ်ခမ်းပါးတို့ကြောင့် ယနေ့ သူမ၏မျက်နှာမှာ ပို၍‌ပင်‌ချောမောလှပနေ‌လေ၏။ထို့ကြောင့် ဖြတ်သွားသည့် အမျိုးသားတိုင်း သူမအားငေးကြည့်နေကြသည်။

ထိုအခိုက် သူမ နာရီအား ထပ်မံကြည့်ရှုလိုက်ပြန်သည်။လေယာဉ်က ဒီအချိန်ဆို ရောက်သင့်ပြီမဟုတ်ဘူးလား??ရှဖန်က ဘာလို့ ထွက်မလာသေးတာလည်း?

စိုးရိမ်စိတ်တို့ဖြင့် ၅မိနစ်ခန့်‌စောင့်ဆိုင်းပြီး‌နောက် ရင်းနှီး‌နေသည့်ပုံရိပ်တစ်ခုကို သူမ တွေ့လိုက်ရ‌တော့သည်။

" ရှဖန်... "ယွီသုံလည်း ပျော်ရွှင်စွာဖြင့် ခုန်‌ပေါက်၍ လက်ဝှေ့ရမ်းပြလိုက်သည်။

ထိုစဉ် အနက်ရောင်ကုတ်အင်္ကျီဝတ်ဆင်ထား‌သော ရှဖန်မှာ အသံလာရာသို့ လှမ်းကြည့်လာပြီး ယွီသုံကိုမြင်သောအခါ အ‌ပေါင်းအသင်းများအား နှုတ်ဆက်၍ သူမဆီသို့အမြန်လျှောက်လာခဲ့သည်။ယွီသုံအနေဖြင့် အတော်ကြာမှ ရှဖန်အားတွေ့ရ‌သော‌ကြောင့် ပျော်ရွှင်နေပြီး မည်သည့်စကားလုံးမှ ထွက်မလာနိုင်ဘဲ ပြုံးဖြဲဖြဲနှင့်သာ ‌ပြေးဖက်လိုက်သည်။

သို့သော် ခဏကြာသောအခါ ရှဖန်က ယွီသုံအားသေချာစိုက်ကြည့်လာပြီးနောက် ဆူပူ‌လေ‌တော့သည်။" ဒီ‌နေ့ နှင်းကျမယ်ပြောထားတာ‌လေကွာ။ဘာလို့ အင်္ကျီပါးပါးလေးဝတ်လာရတာလည်း? "

ယွီသုံလည်း မျက်‌လုံးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဝမ်းနည်းဟန်ဖြင့် နှုတ်ခမ်းဆူထားလိုက်သည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now