Chapter 42

5.5K 868 12
                                    

Unicode

ဧည့်ခန်းထဲ၌

မာမားယွီ ပြန်လည်နိုးလာပြီးသည့်နောက် ခံစားချက်ကင်းမဲ့သည့် မျက်နှာဖြင့် ထိုင်ခုံပေါ်၌ ထိုင်နေလေသည်။

ယွီစုန့်သည် လည်ပင်းကို ပွတ်ဆွဲပြပြီး ယွီသုံအား အသံတိတ် ခြေဟန်လက်ဟန်ပြနေသည်။

ပါပါးယွီကမူ သမီးဖြစ်သူကိုကြည့်၍ ဆေးလိပ်သောက်နေသည်။ထို့နောက် သက်ပြင်းချ၍ လူသတ်ချင်နေသည့်စိတ်ကို ထိန်းချုပ်ကာ ရှဖန်ကို ပြောလိုက်သည်။" မင်း...ဝက်တွေကို အစာသွားကျွေးလိုက် "

" Ah...ဟုတ်ကဲ့...ဝက်စာ ကျွေးရမယ် "ရှဖန် အံ့အားသင့်သွားသည်။

" မြန်မြန်သွားလေ...အစာထုပ်က မီးဖိုချောင်ထဲက စည်ပိုင်းအမည်းထဲမှာ ... အဲ့တာကို အနောက်ဘက်က ဝက်ခြံထဲထိ သယ်သွားလိုက် "ဖခင်ဖြစ်သူသည် မိသားစုအစည်းအဝေးပြုလုပ်ရန်အတွက် ရှဖန်အား အလျင်အမြန်တိုက်တွန်းနေကြောင်း ယွီစုန့်သိသည်။

ရှဖန်သည် ထိုကဲ့သို့သော အခြေအနေမျိုးတွင် ယွီသုံအား တစ်ယောက်တည်းထားခဲ့ရမည်ကို စိတ်မချသော်လည်း ယွီသုံသည် ပြုံး၍ အရိပ်အကဲပြနေလေသည်။

နောက်ဆုံး၌ ရှဖန် စိတ်မသက်မသာဖြင့် မီးဖိုခန်းထဲသို့ ထွက်လာခဲ့သည်။

ထို့စဉ် ယွီသုံ စကားစတင်ပြောလိုက်သည်။" အမေ...စိတ်မဆိုးပါနဲ့ "

" ဘယ်လိုလုပ်ပြီးတော့လည်း? "မာမားယွီ ခန္ဓာကိုယ်ကို မတ်လိုက်သည်။" ညည်း...ညည်း...သူနဲ့ ဘယ်အချိန်ကတည်းက... "

" ညည်း... "မာမားယွီ နောက်တစ်ကြိမ်လဲကျသွားပြန်သည်။

" အမေ...အမေ...စိတ်ငြိမ်ငြိမ်ထားပါဦး "ယွီစုန့်သည် လက်ဖက်ရည်တစ်ခွက် အလျင်အမြန် ကမ်း‌ပေးလိုက်သည်။

မာမားယွီသည် ယွီစုန့်အား လက်ဝှေ့ရမ်းပြလိုက်ပြီးနောက် တုန်ယင်နေသည့်လက်များဖြင့် ယွီသုံကိုထိုးလိုက်ကာ " ညည်း...ညည်း...ဒီလိုမိန်းက‌လေးမျိုးဖြစ်အောင်ပျိုးထောင်ခဲ့ရတာကို ဒ်ီအတိုင်းဘယ်လိုအဆုံးသတ်ရမှာလည်း?ချုပ်ထိန်းမှုဆိုတဲ့ အဓိပ္ပာယ်ကို ညည်းမသိဘူးလား? "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now